TikTok LogoTikTok Logo
ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေး

ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေး

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် ထုတ်ဝေခဲ့သည်

၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်တွင် စတင်အကျုံးဝင်သည်

သင်၏ ကိုယ်ရေးကိုယ်တာအခွင့်အရေးများနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ခြင်းနှင့် ကျွန်ုပ်တို့၏ပလက်ဖောင်းကို လုံခြုံအောင် ထိန်းသိမ်းထားခြင်းသည် သင့်ယုံကြည်စိတ်ချမှုကို ဆက်လက်ရရှိပြီး သင်ဘေးကင်းလုံခြုံကြောင်း အာမခံရာတွင် အလွန်အရေးကြီးကြောင်း ကျွန်ုပ်တို့သိပါသည်။

ကိုယ်ရေးကိုယ်တာ အချက်အလက်များ

အွန်လိုင်းတွင် မျှဝေထားသော အကြောင်းအရာကို မည်သူမဆို မြင်နိုင်ပြီး ၎င်းသည် လူများစွာထံသို့ ပျံ့နှံ့ရောက်ရှိနိုင်သည်။TikTok တွင် ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ မတော်တဆဖြစ်စေ မျှဝေထားသော ကိုယ်ရေးကိုယ်တာ အချက်အလက် မှန်သမျှက ထိခိုက်အန္တရာယ်မဖြစ်စေကြောင်း သေချာစေရန် ကျွန်ုပ်တို့ကတိပြုပါသည်။နောက်ယောင်ခံလိုက်ခြင်း၊ အကြမ်းဖက်ခြင်း၊ ဖြားယောင်းခြင်း၊ လိမ်လည်ခြင်း၊ အထောက်အထားခိုးယူခံရခြင်း သို့မဟုတ် ငွေရေးကြေးရေးအရ အမြတ်ထုတ်ခံရခြင်း အန္တရာယ်ကို ဖြစ်စေနိုင်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်များပါဝင်သော အကြောင်းအရာများကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ ၎င်းတွင် တစ်စုံတစ်ဦးက ၎င်းတို့ကိုယ်တိုင် ပို့စ်တင်ထားသော သို့မဟုတ် အခြားသူများမျှဝေရန် သဘောတူထားသော အကြောင်းအရာများ ပါဝင်သည်။

သင်သည် ကိုယ်ရေးလုံခြုံမှု ချိုးဖောက်ခံရမှုကို ကြုံတွေ့ရသည်ဟု ယူဆပါက ၎င်းကို တိုင်ကြားနိုင်ပါသည်။

နောက်ထပ် အချက်အလက်များ

ခွင့်မပြုထားပါ

  • လူသိရှင်ကြားမဟုတ်သည့် ပုဂ္ဂိုလ်ရေးရာ ဖုန်းနံပါတ်များနှင့် အိမ်လိပ်စာများ
  • ဘဏ်အကောင့် သို့မဟုတ် ခရက်ဒစ်ကတ်နံပါတ်များကဲ့သို့ ငွေရေးကြေးရေးနှင့် ငွေပေးချေမှုဆိုင်ရာအချက်အလက်များ
  • အသုံးပြုသူအမည်များ သို့မဟုတ် စကားဝှက်များကဲ့သို့ လော့ဂ်အင်ဝင်ရောက်မှုဆိုင်ရာ အချက်အလက်များ
  • နိုင်ငံကူးလက်မှတ်များ၊ အစိုးရမှထုတ်ပေးသော သက်သေခံအထောက်အထားများ သို့မဟုတ် လူမှုဖူလုံရေးနံပါတ်များကဲ့သို့ အထောက်အထားစာရွက်စာတမ်း၊ ကတ်များ သို့မဟုတ် နံပါတ်များ
  • ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မျှဝေမည် သို့မဟုတ် အကောင့်တစ်ခုကို ဟက်ခ်လုပ်မည်ဟု ခြိမ်းခြောက်မှုများ သို့မဟုတ် ထိုသို့လုပ်ဆောင်ရန် အားပေးတိုက်တွန်းခြင်း

ပလက်ဖောင်းလုံခြုံရေး

သင့်ကိုရော၊ TikTok ပေါ်ရှိ သင့်အချက်အလက်များကိုပါ ကာကွယ်ပေးပြီး လုံခြုံအောင်ထားရှိရန်အတွက် ကျွန်ုပ်တို့ ကြိုးစားလုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့ ခွင့်မပြုသည်မှာ- (1) ခွင့်ပြုမထားသည့်နည်းများဖြင့် TikTok ၏ မည်သည့်အစိတ်အပိုင်းကိုမဆို ဝင်ရောက်အသုံးပြုခြင်း၊ (2) အရေးကြီးသော၊ လျှို့ဝှက်ထားသော၊ စီးပွားရေးနှင့်ဆိုင်သော သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူရန် ကြိုးပမ်းမှုများ သို့မဟုတ် (3) ကျွန်ုပ်တို့၏ပလက်ဖောင်း၏ လုံခြုံမှု၊ ဂုဏ်သိက္ခာရှိမှု၊ သို့မဟုတ် ယုံကြည်စိတ်ချရမှုကို အလွဲသုံးစားလုပ်ခြင်း။

သင့်အကောင့်အသေးစိတ်များ၊ စကားဝှက်များ၊ အတည်ပြုခြင်းဆိုင်ရာ ကန့်သတ်ချက်များ၊ ငွေကြေးနှင့် အခြား ကိုယ်ရေးကိုယ်တာအချက်အလက်များအကြောင်း အချက်အလက်များနှင့် သက်ဆိုင်သည့် တောင်းဆိုမှုများကို တုံ့ပြန်ခြင်း သို့မဟုတ် သံသယဖြစ်ဖွယ်လင့်ခ်များကို နှိပ်ခြင်းမှ ရှောင်ရှားသင့်သည်။ပလက်ဖောင်းပေါ်ရှိ ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ ကိုင်တွယ်လုပ်ဆောင်ပုံအကြောင်း ပိုမိုလေ့လာပါ။

နောက်ထပ် အချက်အလက်များ

ခွင့်မပြုထားပါ

  • သင့်အကောင့် အထောက်အထားများကို အခြားလူများအား ဝင်ရောက်အသုံးပြုခွင့်ပေးခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ စည်းမျဉ်းများကို ချိုးဖောက်သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်စေရန် အခြားသူများကို ပံ့ပိုးပေးခြင်း
  • ကျွန်ုပ်တို့၏ပလက်ဖောင်းကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ပလက်ဖောင်း ဗားရှင်းအတုများကို ဖန်တီးခြင်း
  • အန္တရာယ်ရှိသောဖိုင်များ၊ အကြောင်းအရာ သို့မဟုတ် ဗိုင်းရပ်စ်များ၊ Trojan ဆော့ဖ်ဝဲများ၊ ပွားများ၍ စက်ကိရိယာကို ပျက်စီးစေသည့် worms ဆော့ဖ်ဝဲများ၊ လောဂျစ်ဗုံးများ သို့မဟုတ် ဆိုက်ဘာ လုံခြုံရေးကို ထိခိုက်စေနိုင်သည့် အန္တရာယ်ဖြစ်စေနိုင်သော အခြားပစ္စည်းများ မျှဝေခြင်း
  • (ခွင့်ပြုချက်မရှိဘဲ အချက်အလက်ခိုးယူခြင်း၊ စာတိုမက်ဆေ့ချ်ဖြင့် လိမ်လည်လှည့်ဖြားခြင်း၊ အလိုအလျောက် ပရိုဂရမ်မင်းဘာသာစကားများ သို့မဟုတ် ဝဘ်အချက်အလက်ထုတ်နုတ်ရယူခြင်းကဲ့သို့) မည်သည့် လှည့်ဖြားသည့် နည်းပညာကိုမဆို အသုံးပြုခြင်းဖြင့် (လော့ဂ်အင် ဝင်ရောက်မှု အထောက်အထားများကဲ့သို့) ကိုယ်ရေးကိုယ်တာအချက်အလက်များ သို့မဟုတ် အကြောင်းအရာ၊ အကောင့်များ၊ စနစ်များ သို့မဟုတ် ဒေတာများကို ဝင်ရောက်သုံးစွဲရန် ကြိုးစားခြင်း
  • မွမ်းမံခြင်း၊ လိုက်ဖက်အောင် ပြင်ဆင်ခြင်း၊ ဘာသာပြန်ခြင်း၊ အင်ဂျင်နီယာနည်းအသုံးပြု၍ လုပ်ဆောင်ထားသည်များကို ပြန်လည်ဖော်ထုတ်ခြင်း၊ စက်မူရင်းကုဒ်ကို ဖတ်၍ရသောပုံစံသို့ ပြောင်းခြင်း၊ ပြန်လည်ပေါင်းစပ်ခြင်း သို့မဟုတ် မည်သည့် ဖိုင်များ၊ ဇယားများ သို့မဟုတ် စာရွက်စာတမ်းများအပါအဝင် TikTok ပေါ်အခြေခံသည့် မည်သည့် ဆင့်ပွား ထုတ်ကုန်မျိုးကိုမဆို ပြုလုပ်ခြင်းနှင့် TikTok တွင် ထည့်သွင်းထားသည့် မည်သည့် ကုဒ်၊ အယ်လ်ဂိုရစ်သမ်၊ နည်းလမ်းများ သို့မဟုတ် နည်းပညာများကိုမဆို ပြန်လည် ပြုလုပ်ရန် ကြိုးပမ်းခြင်း