TikTok LogoTikTok Logo
စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူဆိုင်ရာ ကျန်းမာရေး

စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူဆိုင်ရာ ကျန်းမာရေး

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် ထုတ်ဝေခဲ့သည်

၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်တွင် စတင်အကျုံးဝင်သည်

ကျွန်ုပ်တို့သည် သင်၏ ကိုယ်စိတ် ကျန်းမာရေးကို အထူးအလေးအနက်ထား ဂရုစိုက်ပြီး ပျော်ရွှင်မှု၊ ကြွယ်ဝပြည့်စုံမှုနှင့် ကိုက်ညီမှုရှိသည့် နေရာတစ်ခုဖြစ်စေရန် ကြိုးပမ်းနေပါသည်။အဆက်အသွယ်များကို ရှာဖွေရန်၊ အတွေ့အကြုံမျှဝေမှုများတွင် ပါဝင်ရန်နှင့် ပိုမိုကျယ်ပြန့်သည့် အသိုင်းအဝိုင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခံစားရစေရန် အတူတကွ ရောက်ရှိလာသူများကို ကျွန်ုပ်တို့က ကြိုဆိုပါသည်။သင်၏ ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးများကို ဆိုးရွားသောထိခိုက်မှု မဖြစ်စေနိုင်သည့် ပံ့ပိုးမှုပေးသောနေရာတစ်နေရာတွင် ထိုသို့ကြိုဆိုမှုရှိကြောင်း သေချာစေရန် ကျွန်ုပ်တို့ လုပ်ဆောင်ပါသည်။

မိမိကိုယ်ကို သတ်သေခြင်းနှင့် မိမိကိုယ်ကို ထိခိုက်စေခြင်း

TikTok အား ထိခိုက်မှုအန္တရာယ်ကို မတိုးစေဘဲ ရှုပ်ထွေးသော စိတ်ပိုင်းဆိုင်ရာ အကြောင်းအရာများကို အထောက်အပံ့ပေးနိုင်သည့် နည်းလမ်းဖြင့် ဆွေးနွေးနိုင်သည့်နေရာတစ်ခု ဖြစ်စေလိုပါသည်။မိမိကိုယ်ကို သတ်သေသည့် သို့မဟုတ် မိမိကိုယ်ကို အန္တရာယ်ပြုသည့် အစီအစဉ်များကို ပြသခြင်း၊ အားပေးခြင်း သို့မဟုတ် မျှဝေခြင်းတို့ကို ကျွန်ုပ်တို့ ခွင့်မပြုပါ။

သင် သို့မဟုတ် သင်သိသောသူတစ်ဦးဦးသည် မိမိကိုယ်ကို သတ်သေရန် သို့မဟုတ် မိမိကိုယ်ကို အန္တရာယ်ပြုရန် အကြံအစည်ရှိပါက၊ ပံ့ပိုးကူညီမှု ရရှိနိုင်ပါသည်။သင့်ဒေသ သို့မဟုတ် ဒေသန္တရ အရေးပေါ် ဝန်ဆောင်မှုများရှိ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ကာကွယ်ရေး အကူအညီဖုန်းလိုင်းကို ဆက်သွယ်ပါ။မိမိကိုယ်ကို အန္တရာယ်ပြုမည့် အစီအစဉ်အကြောင်း အသေးစိတ်အချက်အလက်များကို မျှဝေခြင်းကဲ့သို့သော လူ့အသက်အန္တရာယ် သို့မဟုတ် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာဖြစ်စေနိုင်သည်ဟု ယုံကြည်လောက်ဖွယ်ရှိပြီး လက်ငင်းကျရောက်မည့် အန္တရာယ်တစ်ခုအတိအကျရှိပါက ဒေသတွင်း အရေးပေါ်ဝန်ဆောင်မှုများကို ကျွန်ုပ်တို့က ဆက်သွယ်နိုင်ပါသည်။

နောက်ထပ် အချက်အလက်များ

ခွင့်မပြုထားပါ

  • မိမိကိုယ်ကို သတ်သေခြင်း သို့မဟုတ် မိမိကိုယ်ကို အန္တရာယ်ပြုခြင်းဆိုင်ရာ နည်းလမ်းများကို အမည်ပေးခြင်း သို့မဟုတ် ဖော်ပြခြင်းအပါအဝင် ၎င်းတို့နှင့် ဆက်စပ်စိန်ခေါ်ပွဲများ၊ စိန်ခေါ်မှုများ၊ ဂိမ်းများနှင့် သဘောတူညီချက်များကို ပြသခြင်း၊ အားပေးခြင်း သို့မဟုတ် ၎င်းတို့ကို လုပ်ဆောင်ရန် ညွှန်ကြားချက်များပေးခြင်း
  • မိမိကိုယ်ကို သတ်သေခြင်း သို့မဟုတ် မိမိကိုယ်ကို အန္တရာယ်ပြုခြင်းဆိုင်ရာ လိမ်လည်လှည့်ဖြားမှုများကို ပြသခြင်း သို့မဟုတ် အားပေးခြင်း
  • မိမိကိုယ်ကို သတ်သေရန် သို့မဟုတ် မိမိကိုယ်ကို အန္တရာယ်ပြုရန် အစီအစဉ်များကို မျှဝေခြင်း

ခွင့်ပြုထားသည်

  • မိမိကိုယ်ကို သတ်သေရန် သို့မဟုတ် မိမိကိုယ်ကို အန္တရာယ်ပြုရန် တိုက်တွန်းနှိုးဆော်မှုများကို ကျော်လွှားနိုင်ခဲ့သည့် ကိုယ်ပိုင်အတွေ့အကြုံ ဇာတ်လမ်းများ သို့မဟုတ် မျှော်လင့်ချက် စကားများကို မျှဝေခြင်း (မိမိကိုယ်ကို သတ်သေခြင်း သို့မဟုတ် မိမိကိုယ်ကို အန္တရာယ်ပြုသည့် နည်းလမ်းများအား မဖော်ပြထားသရွေ့)
  • သေကြောင်းကြံခြင်းဆိုင်ရာ သတိပေးလက္ခဏာများ သို့မဟုတ် ကျွမ်းကျင်သူ၏အကူအညီကို ရယူနည်းကဲ့သို့ မိမိကိုယ်ကို သတ်သေခြင်း သို့မဟုတ် မိမိကိုယ်ကို အန္တရာယ်ပြုခြင်းမှ တားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို မျှဝေခြင်း
  • သေကြောင်းကြံစည်မှုဆိုင်ရာ လိမ်လည်လှည့်ဖြားမှုများနှင့် ပတ်သက်၍ ထိတ်လန့်မှု လျော့ပါးစေရန် ကြိုးပမ်းသည့် တိကျသော အချက်အလက်များကို မျှဝေခြင်း

မူမမှန်သော စားသောက်ခြင်းနှင့် ခန္ဓာကိုယ်ပုံစံ

ကျွန်ုပ်တို့သည် TikTok အား မိမိကိုယ်ကို တန်ဖိုးထားမှုကို အားပေးသည့် နေရာတစ်ခုအဖြစ် လိုလားပြီး အပျက်သဘောဆောင်သော လူမှုရေးနှိုင်းယှဉ်မှုများကို အားပေးသည့်နေရာ မဖြစ်စေလိုပါ။မူမမှန်သော စားသောက်မှုနှင့် အန္တရာယ်ရှိသော ကိုယ်အလေးချိန်လျှော့ချမှု အပြုအမူများအား ပြသခြင်း သို့မဟုတ် အားပေးခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျစေသော သို့မဟုတ် ကြွက်သားတက်စေသော ကုန်ပစ္စည်းများအတွက် အရောင်းအဝယ်ဖြစ်မြောက်စေရန် သို့မဟုတ် ဈေးကွက်ရှာဖွေရန် ကူညီပေးခြင်းကို ကျွန်ုပ်တို့ခွင့်မပြုပါ။

အကြောင်းအရာသည် အန္တရာယ်ဖြစ်နိုင်ဖွယ်ရှိသည့် ကိုယ်အလေးချိန်ထိန်းခြင်းကို ပြသပါက သို့မဟုတ် အားပေးပါက သို့မဟုတ် ကိုယ်အလေးချိန်ကျစေသော သို့မဟုတ် ကြွက်သားတက်စေသော ကုန်ပစ္စည်းများကို ဈေးကွက်ရှာဖွေပေးပါက ၎င်းသည် FYF အတွက် သတ်မှတ်ချက်မပြည့်မီဘဲ ကန့်သတ်ခံရမည် (18 နှစ်နှင့်အထက်ကိုသာ ပြသမည်)။အကြောင်းအရာသည် အလှအပရေးရာခွဲစိတ်ပြုပြင်မှုကို ပြထားပြီး အန္တရာယ် သတိပေးချက်များ မပါဝင်ပါက ၎င်းသည် FYF အတွက် သတ်မှတ်ချက်မပြည့်မီဘဲ ကန့်သတ်ခံရမည် (18 နှစ်နှင့်အထက်ကိုသာ ပြသမည်)။

သင် သို့မဟုတ် သင်သိသူ တစ်ဦးဦးသည် ခန္ဓာကိုယ်ပုံသဏ္ဌာန်၊ အစားအသောက် သို့မဟုတ် လေ့ကျင့်ခန်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ကြုံတွေ့နေရပါက ပံ့ပိုးကူညီမှု ရရှိနိုင်ပါသည်။သင့်ဒေသရှိ အကူအညီဖုန်းလိုင်းကို ဆက်သွယ်ပါ။

နောက်ထပ် အချက်အလက်များ

မူမမှန်သော စားသောက်မှုနှင့် အန္တရာယ်ရှိသော ကိုယ်အလေးချိန်လျှော့ချမှု အပြုအမူများ ဆိုသည်မှာ ကျန်းမာရေး သို့မဟုတ် စိတ်ချမ်းသာပျော်ရွှင်မှုကို သိသိသာသာ လက်ငင်းထိခိုက်စေနိုင်သည့် အလွန်အကျွံ လျှော့စားခြင်း သို့မဟုတ် အစားရှောင်ခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျစေရန် ဆေးဝါးများကို တလွဲသုံးစွဲခြင်း သို့မဟုတ် လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းကို ရည်ညွှန်းသည်။

အန္တရာယ်ဖြစ်နိုင်သော ကိုယ်အလေးချိန်စီမံခန့်ခွဲမှုဆိုသည်မှာ ကျန်းမာရေး သို့မဟုတ် ကိုယ်စိတ်ချမ်းသာရေးအတွက် ရေရှည်အန္တရာယ်ဖြစ်စေနိုင်ပြီး အမြန် သို့မဟုတ် အပြင်းအထန် ကိုယ်အလေးချိန်လျော့ကျရန် သို့မဟုတ် ကြွက်သားကြီးထွားစေရန်အတွက် အသုံးပြုသော စားသောက်မှုပုံစံများ၊ ဆေးဝါးများ သို့မဟုတ် လေ့ကျင့်ခန်းများဖြစ်သည်။

ခွင့်မပြုထားပါ

  • အောက်ပါတို့အပါအဝင် မူမမှန်သော စားသောက်မှု သို့မဟုတ် အန္တရာယ်ရှိသော ကိုယ်အလေးချိန်လျှော့ချမှု အပြုအမူများကို ပြသခြင်း၊ ဖော်ပြခြင်း၊ အားပေးခြင်း သို့မဟုတ် ၎င်းတို့အတွက် လမ်းညွှန်မှုပေးခြင်း သို့မဟုတ် တောင်းဆိုခြင်း-
    • အလွန်အမင်း ကယ်လိုရီနည်းသော စားသောက်မှုပုံစံများ
    • ဗိုက်ကားအောင် စားသောက်ပြီး တမင်ထိုးအန်ခြင်း
    • ကိုယ်အလေးချိန်ကျစေရန် ဆေးဝါး သို့မဟုတ် ဖြည့်စွက်စာများကို တလွဲသုံးစွဲခြင်း
    • ပြင်းထန်သော ထိခိုက်ဒဏ်ရာများ သို့မဟုတ် နာမကျန်းမှု ရှိလျက် လေ့ကျင့်ခန်းလုပ်ခြင်း
  • ခန္ဓာကိုယ် အစိတ်အပိုင်း အရွယ်အစားကို အိမ်သုံး အရာဝတ္ထုများနှင့် နှိုင်းယှဉ်ခြင်းကဲ့သို့သော ကျန်းမာရေးနှင့် မညီညွတ်သော ခန္ဓာကိုယ်အတိုင်းအတာနှင့် “ခန္ဓာကိုယ် စစ်ဆေးခြင်း” အတက်အကျများကို ပြသခြင်း သို့မဟုတ် အားပေးခြင်း
  • ကိုယ်အလေးချိန်ကျစေသော သို့မဟုတ် ကြွက်သားတက်စေသော ကုန်ပစ္စည်းများအတွက် အရောင်းအဝယ်ဖြစ်မြောက်စေရန် သို့မဟုတ် ဈေးကွက်ရှာဖွေရန် ကူညီပေးခြင်း

အသက်ကန့်သတ်ထားသည် (18 နှစ်နှင့်အထက်)

  • အောက်ပါတို့အပါအဝင် အန္တရာယ်ဖြစ်နိုင်ခြေရှိသော ကိုယ်အလေးချိန် စီမံခန့်ခွဲမှုအပြုအမူများအား ပြသခြင်း၊ ဖော်ပြခြင်း၊ ကြော်ငြာခြင်း သို့မဟုတ်နည်းပြလမ်းညွှန်ရန် ကမ်းလှမ်းခြင်း သို့မဟုတ် တောင်းဆိုခြင်း-
    • ကြာရှည် အချိန်ပိုင်း အစာရှောင်ခြင်းကဲ့သို့ ကယ်လိုရီအကန့်အသတ်ဖြင့် လျှော့စားသည့် အစားအသောက်ပုံစံများ
    • ကိုယ်အလေးချိန်ကျရန် သို့မဟုတ် ကြွက်သားများတက်ရန် ဆေးဝါး သို့မဟုတ် ဖြည့်စွက်စာများ အသုံးပြုခြင်း။ ဥပမာ- ကြွက်သားကြီးထွားစေသော စတီးရွိုက်ဆေး အသုံးပြုခြင်း
    • လျင်မြန်ပြီး သိသိသာသာ ကိုယ်အလေးချိန်ကျရန်အတွက် ရည်ရွယ်ပြုလုပ်ထားသော လေ့ကျင့်ခန်းများ။ ဥပမာ- တစ်ပတ်အတွင်း ခါးသေးသွားစေမည်ဟု ကတိပြုသော ကာဒီရိုလေ့ကျင့်ခန်း လုပ်ရိုးလုပ်စဉ်များ
  • ကိုယ်အလေးချိန်လျှော့ချခြင်း သို့မဟုတ် ကြွက်သားတက်ခြင်းဆိုင်ရာ ထုတ်ကုန်များကို အားပေးမြှင့်တင်ခြင်း။ ဥပမာ- ခန္ဓာကိုယ်ပုံစံ မပြောင်းမီနှင့် ပြောင်းအပြီးပုံစံများကို မျှဝေခြင်း
  • အန္တရာယ်ဖြစ်နိုင်သည့်အလားအလာရှိသော ကိုယ်အလေးချိန်စီမံခန့်ခွဲမှု အပြုအမူများနှင့်ဆက်စပ်လျက် ခန္ဓာကိုယ်အမျိုးအစားများကို စံပြ သို့မဟုတ် ပြီးပြည့်စုံသောအမျိုးအစားများအဖြစ် အားပေးမြှင့်တင်ခြင်း
  • မပြုလုပ်မီနှင့် ပြုလုပ်ပြီး ပုံများ၊ ခွဲစိတ်ပုံ အဆင့်ဆင့်ဗီဒီယိုများနှင့် အလှအပဆိုင်ရာ ခွဲစိတ်ခြင်း ဆွေးနွေးမှု မက်ဆေ့ချ်များအပါအဝင် အန္တရာယ် သတိပေးချက်များ မပါဝင်သည့် အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်ခြင်းများကို ပြသခြင်း သို့မဟုတ် အားပေးခြင်း

FYF အတွက် သတ်မှတ်ချက်မပြည့်မီခြင်း

  • အောက်ပါတို့အပါအဝင် အန္တရာယ်ဖြစ်နိုင်ခြေရှိသော ကိုယ်အလေးချိန် စီမံခန့်ခွဲမှုအပြုအမူများအား ပြသခြင်း၊ ဖော်ပြခြင်း၊ ကြော်ငြာခြင်း သို့မဟုတ်နည်းပြလမ်းညွှန်ရန် ကမ်းလှမ်းခြင်း သို့မဟုတ် တောင်းဆိုခြင်း-
    • ကြာရှည် အချိန်ပိုင်း အစာရှောင်ခြင်းကဲ့သို့ ကယ်လိုရီအကန့်အသတ်ဖြင့် လျှော့စားသည့် အစားအသောက်ပုံစံများ
    • ကိုယ်အလေးချိန်ကျရန် သို့မဟုတ် ကြွက်သားများတက်ရန် ဆေးဝါး သို့မဟုတ် ဖြည့်စွက်စာများ အသုံးပြုခြင်း။ ဥပမာ- ကြွက်သားကြီးထွားစေသော စတီးရွိုက်ဆေး အသုံးပြုခြင်း
    • လျင်မြန်ပြီး သိသိသာသာ ကိုယ်အလေးချိန်ကျရန်အတွက် ရည်ရွယ်ပြုလုပ်ထားသော လေ့ကျင့်ခန်းများ။ ဥပမာ- တစ်ပတ်အတွင်း ခါးသေးသွားစေမည်ဟု ကတိပြုသော ကာဒီရိုလေ့ကျင့်ခန်း လုပ်ရိုးလုပ်စဉ်များ
  • ကိုယ်အလေးချိန်လျှော့ချခြင်း သို့မဟုတ် ကြွက်သားတက်ခြင်းဆိုင်ရာ ထုတ်ကုန်များကို အားပေးမြှင့်တင်ခြင်း။ ဥပမာ- ခန္ဓာကိုယ်ပုံစံ မပြောင်းမီနှင့် ပြောင်းအပြီးပုံစံများကို မျှဝေခြင်း
  • အန္တရာယ်ဖြစ်နိုင်သည့်အလားအလာရှိသော ကိုယ်အလေးချိန်စီမံခန့်ခွဲမှု အပြုအမူများနှင့်ဆက်စပ်လျက် ခန္ဓာကိုယ်အမျိုးအစားများကို စံပြ သို့မဟုတ် ပြီးပြည့်စုံသောအမျိုးအစားများအဖြစ် အားပေးမြှင့်တင်ခြင်း
  • မပြုလုပ်မီနှင့် ပြုလုပ်ပြီး ပုံများ၊ ခွဲစိတ်ပုံ အဆင့်ဆင့်ဗီဒီယိုများနှင့် အလှအပဆိုင်ရာ ခွဲစိတ်ခြင်း ဆွေးနွေးမှု မက်ဆေ့ချ်များအပါအဝင် အန္တရာယ် သတိပေးချက်များ မပါဝင်သည့် အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်ခြင်းများကို ပြသခြင်း သို့မဟုတ် အားပေးခြင်း

ခွင့်ပြုထားသည်

  • မူမမှန်သော စားသောက်မှု၊ အန္တရာယ်ရှိသော ကိုယ်အလေးချိန်လျှော့ချမှု အပြုအမူများ သို့မဟုတ် အန္တရာယ်ဖြစ်နိုင်ဖွယ်ရှိသည့် ကိုယ်အလေးချိန်ထိန်းခြင်းကို ရှုတ်ချခြင်း (၎င်းက စားသောက်မှုပုံစံ သို့မဟုတ် အပြုအမူကို ပြသခြင်း သို့မဟုတ် ဖော်ပြခြင်း မရှိသရွေ့)
  • အောက်ပါတို့ကို ပြသခြင်း သို့မဟုတ် ဖော်ပြခြင်း-
    • ဟော့ဒေါ့နှင့် ပိုင်မုန့်စားပြိုင်ပွဲများကဲ့သို့ ယှဉ်ပြိုင်ရသော အစားအသောက် ပြိုင်ပွဲများ
    • အပြိုင်အဆိုင် အားကစားများ၊ မာရသွန် လေ့ကျင့်ရေး သို့မဟုတ် ခန္ဓာကိုယ်ကြွက်သားကျစ်လျစ်လှပမှု ပြိုင်ပွဲများအတွက် ပြင်ဆင်ခြင်းကဲ့သို့သော အလွန်အမင်း ကိုယ်အလေးချိန် လျှော့ချခြင်းကို အဓိက အာရုံစိုက်ခြင်း ရှိသောကြံ့ ခိုင်သန်စွမ်းရေး လုပ်ရိုးလုပ်စဉ်များနှင့် အာဟာရစားသုံးမှု
    • နှုတ်ခမ်းကွဲခြင်းကို ပြန်လည် ပြုပြင်ခြင်း၊ ရင်သားဖြတ်ထုတ်ပြီးနောက် ပြန်လည်ပြုပြင်တည်ဆောက်ခြင်း သို့မဟုတ် လိင်ပြောင်းခွဲစိတ်ကုသမှုပြုလုပ်ခြင်းအတွက် မပြုလုပ်မီနှင့် ပြုလုပ်ပြီးပုံများကဲ့သို့ ဆေးဘက်ဆိုင်ရာအရ လိုအပ်သည့် ခွဲစိတ်ကုသမှု
    • ခွဲစိတ်မှုမလုပ်မီ အကန့်အသတ်ဖြင့် စားသောက်မှုပုံစံများကဲ့သို့ ဆေးဘက်ဆိုင်ရာ သို့မဟုတ် ကျန်းမာရေးကျွမ်းကျင်ပညာရှင်တစ်ဦး၏ လမ်းညွှန်မှုအောက်တွင် ဆေးဘက်ဆိုင်ရာအရ လိုအပ်သော ကျန်းမာရေးကြားဝင်ဆောင်ရွက်မှုများ
    • ဘာသာရေးနှင့်ဆိုင်သောစားသောက်ပုံ အပြုအမူနှင့် အစားရှောင်ခြင်း
    • ကိုယ်လက်အင်္ဂါ မသန်စွမ်းမှုများနှင့် စွမ်းဆောင်နိုင်မှုကွဲပြားသော ခန္ဓာကိုယ်များ

အန္တရာယ်ရှိသော လှုပ်ရှားမှု သို့မဟုတ် စိန်ခေါ်မှုများ

ကျွန်ုပ်တို့သည် ပျော်စရာကောင်းပြီး ဖန်တီးမှုရှိသော ခေတ်စားနေသည့်အရာများတွင် ပါဝင်နိုင်သည့် အခွင့်အရေးများကို ကြိုဆိုသည်။လှုပ်ရှားမှု သို့မဟုတ် စိန်ခေါ်မှုအများစုသည် လူတိုင်းအတွက် သင့်လျော်ပြီး လူများကို စည်းစည်းလုံးလုံး ရှိစေသော်လည်း သိသိသာသာ ထိခိုက်ဒဏ်ရာရနိုင်သည့် အန္တရာယ်အချို့ ရှိပါသည်။ကျွန်ုပ်တို့သည် အန္တရာယ်ရှိသော လှုပ်ရှားမှု သို့မဟုတ် စိန်ခေါ်မှုများကို ပြသခြင်း သို့မဟုတ် အားပေးခြင်းကို ခွင့်မပြုပါ။

အကြောင်းအရာတွင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေနိုင်ပြီး အတုခိုးလိုက်လုပ်နိုင်သည့် လှုပ်ရှားမှုကို ပြသထားပါက ၎င်းသည် ကန့်သတ်ခံရပါမည် (18 နှစ်နှင့်အထက်ကိုသာ ပြသမည်)အကြောင်းအရာတွင် ရုပ်ပိုင်းဆိုင်ရာ အတန်အသင့် ထိခိုက်မှု ဖြစ်စေနိုင်သည့် လှုပ်ရှားမှုကို ပြသထားပါက ၎င်းသည် FYF အတွက် သတ်မှတ်ချက်မပြည့်မီပါ။သင်၏ TikTok အတွေ့အကြုံကို စီမံခန့်ခွဲရာတွင် သင့်အား ကူညီရန် ကျွန်ုပ်တို့သည် ဤအကြောင်းအရာအမျိုးအစားအပြင် ပြင်းထန်သော အားကစားများနှင့် စတန့်များကို လုပ်ဆောင်နေသော ကျွမ်းကျင်ပညာရှင်များကို ပြသသည့် အကြောင်းအရာများတွင် သတိပေး အချက်အလက်များကိုလည်း အသုံးပြုသည်။အွန်လိုင်းစိန်ခေါ်မှုတစ်ခုကို တွေ့ပါက ဘာလုပ်သင့်သလဲဆိုသည့် အကြောင်းကို ပိုမိုလေ့လာပါ။

နောက်ထပ် အချက်အလက်များ

အန္တရာယ်ရှိသော လှုပ်ရှားမှုနှင့် စိန်ခေါ်မှုများဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ သိသိသာသာ ထိခိုက်စေနိုင်သည့် ရှိရင်းစွဲ သို့မဟုတ် သိထားပြီးသား အန္တရာယ်များကို ဖြစ်ပေါ်စေကာ ပညာရှင်မဟုတ်သူများ လုပ်ဆောင်ပြသသည့် လုပ်ရပ်များဖြစ်သည်။၎င်းတွင် စိန်ခေါ်မှုများ၊ ဂိမ်းများ၊ လှည့်ကွက်များ၊ အန္တရာယ်ရှိသော ကိရိယာများကို မလျော်မကန် အသုံးပြုခြင်းနှင့် တစ်ဦးတစ်ယောက်၏ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သည့်အရာများကို စားခြင်း ပါဝင်သည်။

ရုပ်ပိုင်းဆိုင်ရာ သိသိသာသာ ထိခိုက်မှု ဆိုသည်မှာ ပုံမှန်အားဖြင့် ကျွမ်းကျင်ပညာရှင်ထံမှ ဆေးကုသမှုရယူရန် လိုအပ်ပြီး ယာယီ သို့မဟုတ် အမြဲတမ်း မသန်စွမ်းဖြစ်နိုင်ခြေ သို့မဟုတ် ပုံပန်းသဏ္ဌာန်ပျက်ယွင်းနိုင်ခြေရှိသည့် ထိခိုက်မှုကို ရည်ညွှန်းသည်။ယင်းတွင် အရိုးအဆစ်လွဲသွားခြင်း သို့မဟုတ် ကျိုးသွားခြင်း၊ အဆိပ်သင့်ခြင်း၊ သတိလစ်ခြင်း၊ ပြင်းထန်သော မီးလောင်ဒဏ်ရာများ၊ ဓာတ်လိုက်ခံရခြင်း၊ ထိမှန်ခြင်းနှင့် လည်ချောင်းနင်ခြင်းများ ပါဝင်သည်။

ရုပ်ပိုင်းဆိုင်ရာ အတန်အသင့် ထိခိုက်မှု ဆိုသည်မှာ ပညာရှင်၏ ဆေးဝါးကုသမှုခံယူရန် မလိုအပ်လောက်ဘဲ မသန်စွမ်းမှု သို့မဟုတ် ရုပ်ပျက်ဆင်းပျက်ဖြစ်နိုင်သည့် အန္တရာယ်ကိုမဖြစ်ပေါ်စေသည့် ထိခိုက်မှုဖြစ်သည်။၎င်းတွင် သွေးအနည်းငယ်ထွက်သော ပြတ်ရှမှုအသေးစားများနှင့် ခန္ဓာကိုယ်တွင် အနည်းအကျဉ်းပွန်းပဲ့ဒဏ်ရာများ ပါဝင်ပါသည်။

ခွင့်မပြုထားပါ

  • မြင်သာသော သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ကို လက်ငင်း သိသိသာသာဖြစ်စေသည့် အန္တရာယ်ရှိသော လှုပ်ရှားမှုကို ပြသခြင်း သို့မဟုတ် အန္တရာယ်ရှိသော လှုပ်ရှားမှုကို အားပေးခြင်း
  • အောက်ပါတို့ကို ပြသခြင်း သို့မဟုတ် အားပေးခြင်း-
    • ဓားများ၊ ပုဆိန်များ၊ သံကြိုးများ သို့မဟုတ် ဂဟေမီးတိုင်များကဲ့သို့သော အန္တရာယ်ရှိသော ကိရိယာများအား မလျော်မကန် အသုံးပြုမှု
    • ကျောက်ခဲများ သို့မဟုတ် ဆပ်ပြာများကဲ့သို့ လူများ စားသုံးရန် အန္တရာယ်ရှိသော အရာများကို စားခြင်း သို့မဟုတ် သောက်ခြင်း
    • သတ်မှတ်အမြန်နှုန်းထက်ကျော်လွန်မောင်းနှင်ခြင်း၊ မီးနီဖြတ်မောင်းခြင်း သို့မဟုတ် အာရုံပျံ့လွင့်စွာ မောင်းနှင်ခြင်း (ကားမောင်းနေစဉ် တိုက်ရိုက်ထုတ်လွှင့်ခြင်းအပါအဝင်) ကဲ့သို့သော အန္တရာယ်ရှိသော ယာဉ်မောင်းသည့် အပြုအမူ

အသက်ကန့်သတ်ထားသည် (18 နှစ်နှင့်အထက်)

  • မြင်သာသော သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ကို လက်ငင်း အတန်အသင့်ဖြစ်စေသည့် အန္တရာယ်ရှိသော လှုပ်ရှားမှုကို ပြသခြင်း သို့မဟုတ် အတန်အသင့် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ဖြစ်စေနိုင်ခြေရှိသော လှုပ်ရှားမှုကို အားပေးခြင်း
  • အတုယူနိုင်ဖွယ်ရှိပြီး ခန္ဓာကိုယ်ထိခိုက်စေနိုင်သည့် လှုပ်ရှားမှုကို ပြသခြင်း

FYF အတွက် သတ်မှတ်ချက်မပြည့်မီခြင်း

  • မြင်သာသော သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ကို လက်ငင်း အတန်အသင့်ဖြစ်စေသည့် အန္တရာယ်ရှိသော လှုပ်ရှားမှုကို ပြသခြင်း သို့မဟုတ် အတန်အသင့် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ဖြစ်စေနိုင်ခြေရှိသော လှုပ်ရှားမှုကို အားပေးခြင်း

ခွင့်ပြုထားသည်

  • အခမ်းအနားပွဲများ၊ ဘာသာရေးပွဲတော်များနှင့် ယဉ်ကျေးမှုဖျော်ဖြေပွဲများတွင် လှံနှင့် ဒိုင်းများကဲ့သို့သော လက်နက်များအသုံးပြုခြင်း