TikTok LogoTikTok Logo
ဖြောင့်မတ်မှန်ကန်မှုနှင့် တိကျစစ်မှန်မှု

ဖြောင့်မတ်မှန်ကန်မှုနှင့် တိကျစစ်မှန်မှု

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် ထုတ်ဝေခဲ့သည်

၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်တွင် စတင်အကျုံးဝင်သည်

ကျွန်ုပ်တို့သည် သင့်ကို ယုံကြည်စိတ်ချရသော အချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး မူရင်းအကြောင်းအရာကို ရှာဖွေနိုင်ကာ စစ်မှန်သောသူများနှင့် ထိတွေ့ဆက်ဆံနိုင်သည်ဟု ယုံကြည်မှုရှိရှိ ခံစားရစေလိုပါသည်။၎င်းသည် ပလက်ဖောင်းပေါ်တွင်နှင့် ပြင်ပ နှစ်ခုလုံးတွင် ယုံကြည်မှုနှင့် တာဝန်ခံမှုရှိသော အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်ရန်အတွက် အခြေခံကျသည်။

သတင်းအချက်အလက်အမှား

ကမ္ဘာ့အသိုင်းအဝိုင်းတွင် တစ်ဦးနှင့်တစ်ဦး အမြင်မတူကြသည်မှာ သဘာဝပင်ဖြစ်သော်လည်း အားလုံးလက်ခံထားသည့် အချက်အလက်များနှင့် လက်တွေ့ဖြစ်ရပ်အပေါ် အခြေခံ၍ လည်ပတ်ဆောင်ရွက်ရန် ကျွန်ုပ်တို့ ကြိုးစားပါသည်။ရည်ရွယ်ချက် မည်သို့ရှိစေကာမူ လူပုဂ္ဂိုလ်များ သို့မဟုတ် လူ့အဖွဲ့အစည်းကို သိသာထင်ရှားစွာ ထိခိုက်စေနိုင်သည့် သတင်းအချက်အလက်အမှားများကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ကျွန်ုပ်တို့သည် အကြောင်းအရာများ၏ တိကျမှုကို အကဲဖြတ်ရာတွင် အကူအညီဖြစ်စေရန်အတွက် သီးခြားလွတ်လပ်သော အချက်အလက်စစ်ဆေးရေး မိတ်ဖက်များ၊ ပြည်သူ့ကျန်းမာရေး အာဏာပိုင်များထံမှ လမ်းညွှန်ချက်နှင့် ယခင်က အချက်အလက်စစ်ဆေးထားသော ပြောဆိုချက်များ၏ ဒေတာဘေ့စ်ကို အမှီပြုပါသည်။

အကြောင်းအရာတွင် အချို့သော ကျန်းမာရေးအကြောင်းအရာ၊ ပူးပေါင်းကြံစည်မှု အယူအဆများ၊ ပြန်လည်အသုံးပြုထားသော မီဒီယာ သို့မဟုတ် ခိုင်လုံသော အရင်းအမြစ်များကို မှားယွင်းတင်ပြခြင်းကဲ့သို့ အတန်အသင့် ထိခိုက်နစ်နာမှုကို ဖြစ်စေနိုင်သည့် သတင်းအချက်အလက်အမှား ပါဝင်လျှင် ၎င်းသည် FYF အတွက် သတ်မှတ်ချက်မပြည့်မီပါ။သတိပြုရမည်မှာ အရေးပေါ်အခြေအနေများနှင့်ပတ်သက်၍ အတည်မပြုရသေးသော အချက်အလက်များနှင့် အချက်အလက်စစ်ဆေးသူများက ယာယီ သုံးသပ်နေဆဲ အကြောင်းအရာသည်လည်း FYF အတွက် သတ်မှတ်ချက်မပြည့်မီပါ။

သင်၏ TikTok အသုံးပြုသည့်အတွေ့အကြုံကို စီမံခန့်ခွဲနိုင်စေရန်အတွက် ကျွန်ုပ်တို့သည် အချက်အလက်စစ်ဆေးသည့် မိတ်ဖက်များက အကဲဖြတ်ထားသည့် အကြောင်းအရာများတွင် သတိပေးအညွှန်းများကို အသုံးပြုနိုင်ပြီး ၎င်းမှာ မှန်ကန်တိကျသည်ဟု အတည်ယူ၍ မရနိုင်ပါ။ထိုသို့သောအကြောင်းအရာများအား မျှဝေခြင်းကို ပြန်လည်စဉ်းစားရန် သတိပေးချက်များကိုလည်း ကျွန်ုပ်တို့ ပေးပို့နိုင်သည်။

နောက်ထပ် အချက်အလက်များ

သတင်းအချက်အလက်အမှားဆိုသည်မှာ မှားယွင်းသော သို့မဟုတ် အထင်မှားစေသော အကြောင်းအရာများကို ဆိုလိုသည်။

သိသာသော ထိခိုက်နစ်နာမှုဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု (အသက်အန္တရာယ်ခြိမ်းခြောက်သော ထိခိုက်နစ်နာ သို့မဟုတ် သေဆုံးမှု)၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု (စိတ်ဒဏ်ရာအပါအဝင်)၊ ကြီးမားသော ဥစ္စာပစ္စည်း ထိခိုက်ပျက်စီးခြင်းနှင့် လူမှုရေးထိခိုက်နစ်နာမှု (အခြေခံလူမှုရေး လုပ်ငန်းစဉ်များ သို့မဟုတ် အဖွဲ့အစည်းများကို အဟန့်အတားဖြစ်စေခြင်းအပါအဝင်) ၏ ပြင်းထန်ဆိုးရွားသော ပုံစံများကို ဆိုလိုသည်။

အတန်အသင့် ထိခိုက်နစ်နာစေသော ကျန်းမာရေး သတင်းအချက်အလက်အမှားများဆိုသည်မှာ လက်ငင်းထိခိုက်စေခြင်း သို့မဟုတ် အသက်အန္တရာယ်ခြိမ်းခြောက်ခြင်း မဟုတ်သည့်ထိခိုက်ဒဏ်ရာများ၊ ကျန်းမာရေးအခြေအနေများ သို့မဟုတ် နာမကျန်းမှုများကို ကုသခြင်း သို့မဟုတ် တားဆီးကာကွယ်ခြင်းနှင့်စပ်လျဉ်း၍ မှားယွင်းသော သို့မဟုတ် အထင်မြင်မှားစေသော အကြောင်းအရာကို ဆိုလိုသည်။

ပူးပေါင်းကြံစည်မှု အယူအဆများဆိုသည်မှာမရှင်းပြရသေးသော အဖြစ်အပျက်များအကြောင်း ယုံကြည်မှုများဖြစ်သည် သို့မဟုတ် ဖြစ်ရပ်များအတွက် ယေဘုယျလက်ခံထားသော ရှင်းလင်းချက်များကို ငြင်းပယ်ပြီး ၎င်းတို့ကို လျှို့ဝှက် သို့မဟုတ် အင်အားကြီး အုပ်စုများက လုပ်ဆောင်သည်ဟု ရည်ညွှန်းပြောဆိုခြင်းတို့ ပါဝင်ပါသည်။

ပြန်လည်အသုံးပြုထားသော မီဒီယာဆိုသည်မှာ အဆက်အစပ်မရှိဘဲ တင်ပြထားပြီး အများပြည်သူအတွက် အရေးကြီးသော ဖြစ်ပေါ်နေဆဲ အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ လူတစ်ဦးအား အထင်မြင်မှားစေသည့် မတည်းဖြတ်ထားသည့် မီဒီယာအကြောင်းအရာကို ဆိုလိုသည်။

ခိုင်လုံသော အရင်းအမြစ်များကို မှားယွင်းတင်ပြခြင်းဆိုသည်မှာ သုတေသနအဖွဲ့အစည်းများထံမှ အစီရင်ခံစာများကဲ့သို့ အသိအမှတ်ပြုထားပြီး ယုံကြည်ရသည့် ခိုင်လုံသော အချက်အလက်များအပေါ် အထင်မြင်မှားစေသော ဆက်နွှယ်မှုများ သို့မဟုတ် ကောက်ချက်ချမှုများကို အားပေးသည့် အကြောင်းအရာကို ဆိုလိုသည်။

ခွင့်မပြုထားပါ

  • အများပြည်သူဘေးကင်းရေးကို အန္တရာယ်ဖြစ်စေသော သို့မဟုတ် ယခင်တိုက်ခိုက်မှုအကြောင်း ပြထားသည့် ဗီဒီယိုတစ်ခုကို လက်ရှိတွင်ဖြစ်နေသည့်အတိုင်း အသုံးပြုခြင်း သို့မဟုတ် နေရာတစ်ခုတွင် အခြေခံလိုအပ်ချက် ပစ္စည်းများ (ဥပမာ- အစာ သို့မဟုတ် ရေ) ကို မရရှိနိုင်တော့ဟူသော မှားယွင်းသည့်ပြောဆိုချက်များ အပါအဝင် အကျပ်အတည်းဖြစ်ရပ် သို့မဟုတ် အရေးပေါ်အခြေအနေအတွက် ထိတ်လန့်စေသည့် သတင်းအချက်အလက်အမှားများ
  • ကာကွယ်ဆေးများနှင့် ပတ်သက်သည့် အထင်အမြင်လွဲစေသော ပြောဆိုချက်များ၊ လူများအား အသက်အန္တရာယ်ရှိသော ရောဂါအတွက် သင့်တော်သော ဆေးကုသမှုခံယူခြင်းမှ တားဆီးပိတ်ပင်သော မမှန်ကန်သည့် ဆေးဘက်ဆိုင်ရာ အကြံဉာဏ် သို့မဟုတ် လူတစ်ယောက်၏ ဘဝအပေါ် ဆိုးရွားသော ကျန်းမာရေး ထိခိုက်မှုများ ဖြစ်စေနိုင်သည့် အခြားသတင်းအချက်အလက်အမှားများကဲ့သို့ ကျန်းမာရေး သတင်းအချက်အလက်အမှားများ
  • ရာသီဥတုပြောင်းလဲမှုရှိနေခြင်း သို့မဟုတ် ၎င်းကို ဖြစ်လာစေနိုင်သည့် အချက်များရှိနေခြင်းကို မမှန်ကန်ကြောင်း ငြင်းဆိုခြင်းကဲ့သို့သော ကောင်းစွာအခိုင်အမာသက်သေပြ၍ အများသဘောတူထားသည့် သိပ္ပံနည်းကျအချက်ကို ထိခိုက်စေခြင်းကဲ့သို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သတင်းအချက်အလက်အမှားများ
  • သီးခြားလူပုဂ္ဂိုလ်များကို အမည်တပ်ပြီး တိုက်ခိုက်သည့် လျှို့ဝှက်ပူးပေါင်းကြံစည်မှု အယူအဆများ
  • အကြမ်းဖက်ရန် လှုံ့ဆော်ခြင်း၊ ယခင်အကြမ်းဖက်မှုနှင့် ဆက်စပ်မှုရှိခြင်း၊ ကောင်းစွာမှတ်တမ်းတင်ထားသော အကြမ်းဖက်ဖြစ်ရပ်များကို မမှန်ကန်ကြောင်း ငြင်းဆိုခြင်း သို့မဟုတ် အကာအကွယ်ပေးထားသည့် ပင်ကိုအရည်အသွေးတစ်ခုရှိသော အုပ်စုအပေါ် မလိုမုန်းထားမှုများ ဖြစ်စေခြင်းကဲ့သို့သော အကြမ်းဖက်သည့် သို့မဟုတ် အမုန်းပွားစေသည့် ပူးပေါင်းကြံစည်မှု အယူအဆများ

FYF အတွက် သတ်မှတ်ချက်မပြည့်မီခြင်း

  • အခြေအမြစ်မရှိသော ပူးပေါင်းကြံစည်မှု အယူအဆများနှင့် အချို့သောဖြစ်ရပ်များ သို့မဟုတ် အခြေအနေများကို “အစိုးရ” သို့မဟုတ် “လျှို့ဝှက်လူ့အဖွဲ့အစည်း” ကဲ့သို့သော လျှို့ဝှက် သို့မဟုတ် အင်အားကြီး အဖွဲ့အစည်းများက လုပ်ဆောင်သည်ဟု ပြောဆိုချက်
  • အသေးစား ဖျားနာမှုကို ကုသနည်းအတွက် အခိုင်အမာသက်သေပြထားခြင်း မရှိသော အကြံပြုချက်ကဲ့သို့ အတန်အသင့် ထိခိုက်နစ်နာစေသော ကျန်းမာရေး သတင်းအချက်အလက်အမှား
  • ဂီတဖျော်ဖြေပွဲတစ်ခုတွင် လူအုပ်တစ်အုပ်ကို ပြသခြင်းနှင့် ၎င်းသည် နိုင်ငံရေးဆန္ဒပြပွဲတစ်ခုဖြစ်ကြောင်း မြင်ယောင်စေခြင်းကဲ့သို့ ပြန်လည်အသုံးပြုထားသော မီဒီယာ
  • လေ့လာမှု၏ တွေ့ရှိချက်များကို ဆန့်ကျင်တုံ့ပြန်သည့် ကောက်ချက်တစ်ခုကို ထောက်ခံရန် သိပ္ပံဆိုင်ရာ ဒေတာအချို့ကို ရွေးနုတ်၍ ကိုးကားခြင်းကဲ့သို့ ခိုင်လုံသောအရင်းအမြစ်များကို မှားယွင်းတင်ပြခြင်း
  • အရေးပေါ်အခြေအနေတစ်ခုနှင့်သက်ဆိုင်သည့် မှန်ကန်ကြောင်း မစစ်ဆေးရသေးသော ပြောဆိုချက်များ သို့မဟုတ် ဖြစ်ရပ်ကို ထုတ်ဖော်ပြောခြင်း
  • အချက်အလက်စစ်ဆေးခြင်းဆိုင်ရာ ပြန်လည်သုံးသပ်မှု ပြုလုပ်နေစဉ်တွင် ထိခိုက်နိုင်ခြေမြင့်မားသော သတင်းအချက်အလက်အမှားများ

ခွင့်ပြုထားသည်

  • ကိုယ်ရေးကိုယ်တာ သဘောထားဖော်ပြချက်များ (အန္တရာယ်ရှိသော သတင်းအချက်အလက်အမှားများ မပါဝင်သရွေ့)
  • လူများက ဆေးကုသမှု သို့မဟုတ် ခွဲစိတ်မှုများ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု စနစ်များအကြောင်း မိမိတို့၏ ကိုယ်ပိုင်ဖြစ်ရပ်များ သို့မဟုတ် အတွေ့အကြုံများကို မျှဝေခြင်း (၎င်းတွင် အန္တရာယ်ရှိသော သတင်းအချက်အလက်အမှား မပါဝင်သရွေ့ သို့မဟုတ် ကျွမ်းကျင်ပညာရှင်၏ ဆေးဘက်ဆိုင်ရာ အကြံဉာဏ် သို့မဟုတ် ပြည်သူ့ကျန်းမာရေး အာဏာပိုင်၏ လမ်းညွှန်ချက်ကို လျစ်လျူရှုရန် လူများအား တိုက်တွန်းခြင်း မရှိသရွေ့)
  • သီးခြား မူဝါဒများ သို့မဟုတ် နည်းပညာများ၏ အကျိုးကျေးဇူးများ သို့မဟုတ် အားနည်းချက်များ သို့မဟုတ် သီးခြားရာသီဥတုဖြစ်ရပ်များနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်ရေးအမြင်များကဲ့သို့သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးချက်များ (အများသဘောတူထားသည့် သိပ္ပံနည်းကျအချက်ကို မထိခိုက်စေသရွေ့)

နိုင်ငံသားဆိုင်ရာနှင့် ရွေးကောက်ပွဲဆိုင်ရာ ဖြောင့်မတ်မှန်ကန်မှု

ရွေးကောက်ပွဲများသည် အရေးကြီးသော ဖြစ်ရပ်များဖြစ်ပြီး အကြိတ်အနယ် ဆွေးနွေးမှုနှင့် ဆန်းစစ်လေ့လာမှုကို ခံရလေ့ရှိသည်။ဤအကြောင်းအရာများကို ဆွေးနွေးခွင့်ပြုပေးပြီး တစ်ချိန်တည်းမှာပင် လူများကို အတူတကွ စည်းလုံးစေပြီး စိတ်ဝမ်းမကွဲစေခြင်းဖြင့် ဟန်ချက်ညီရန် ကြိုးစားသည်။နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများက (မိမိတို့ကိုယ်တိုင် သို့မဟုတ် အခြားသူများအတွက်) အခကြေးငွေပေး၍ နိုင်ငံရေး စည်းရုံးလှုပ်ရှားမှုများ၊ နိုင်ငံရေး ကြော်ငြာများ သို့မဟုတ် ရန်ပုံငွေရှာဖွေခြင်းကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ကျွန်ုပ်တို့၏ နိုင်ငံရေးကြော်ငြာ မူဝါဒတွင် သမားရိုးကျ အခပေးကြော်ငြာများနှင့် ရာထူးအတွက် ကိုယ်စားလှယ်လောင်းတစ်ဦးအား ထောက်ခံရန် သို့မဟုတ် ကန့်ကွက်ရန် ဖန်တီးရှင်များက အခကြေးငွေလက်ခံခြင်း နှစ်မျိုးလုံးပါဝင်သည်။

နိုင်ငံသားနှင့်ဆိုင်သော အကြံဉာဏ်များကို အကျိုးရှိရှိ အပြန်အလှန်ဆွေးနွေးခြင်းကို အားပေးသောနည်းလမ်းဖြင့် အသိပညာ ဖလှယ်ခြင်း ပြုလုပ်နိုင်စေလိုပါသည်။မဲဆန္ဒရှင် ဝင်ရောက်စွက်ဖက်ခြင်း၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းခြင်းကို နှောင့်ယှက်ခြင်း သို့မဟုတ် ပလက်ဖောင်းပြင်ပ အကြမ်းဖက်မှုကို ဦးတည်သွားခြင်း ဖြစ်စေနိုင်သည့် နိုင်ငံသားဆိုင်ရာနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း သတင်းအချက်အလက်အမှား သို့မဟုတ် အကြောင်းအရာကို ကျွန်ုပ်တို့ ခွင့်မပြုပါ။

အကြောင်းအရာတွင် မဲဆန္ဒရှင်တစ်ဦး၏ အသိဉာဏ်ရှိရှိ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို အဟန့်အတားဖြစ်နိုင်သည့် သတင်းအချက်အလက်အမှားများ ပါဝင်လျှင် ၎င်းသည် FYF အတွက် သတ်မှတ်ချက်မပြည့်မီနိုင်ပါ။သတိပြုရမည်မှာ ရွေးကောက်ပွဲတစ်ခုအကြောင်း မှန်ကန်ကြောင်း မစစ်ဆေးရသေးသော ပြောဆိုချက်များနှင့် အချက်အလက် စစ်ဆေးသူများက ယာယီသုံးသပ်နေဆဲ အကြောင်းအရာသည်လည်း FYF အတွက် သတ်မှတ်ချက်မပြည့်မီနိုင်ပါ။

သင်၏ TikTok အသုံးပြုသည့်အတွေ့အကြုံကို စီမံခန့်ခွဲနိုင်စေရန်အတွက် ကျွန်ုပ်တို့သည် အချက်အလက်စစ်ဆေးသည့် မိတ်ဖက်များက အကဲဖြတ်ထားသည့် အကြောင်းအရာများတွင် သတိပေးအညွှန်းများကို အသုံးပြုနိုင်ပြီး ၎င်းမှာ မှန်ကန်တိကျသည်ဟု အတည်ယူ၍ မရနိုင်ပါ။ကျွန်ုပ်တို့၏ ရွေးကောက်ပွဲ ဖြောင့်မတ်မှန်ကန်မှုရှိရေးဆောင်ရွက်ချက်နှင့် အစိုးရ၊ နိုင်ငံရေးသမားနှင့် နိုင်ငံရေးပါတီ အကောင့်များအကြောင်း ပိုမိုလေ့လာပါ။

နောက်ထပ် အချက်အလက်များ

သတင်းအချက်အလက်အမှားဆိုသည်မှာ မှားယွင်းသော သို့မဟုတ် အထင်မှားစေသော အကြောင်းအရာများကို ဆိုလိုသည်။

ခွင့်မပြုထားပါ

  • ရွေးကောက်ပွဲ သတင်းအချက်အလက်အမှားများ၊ ယင်းတွင်ပါဝင်သည်များမှာ-
    • မည်ကဲ့သို့၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် မဲပေးရမည် သို့မဟုတ် မဲပေးရန် စာရင်းသွင်းရမည်
    • ရွေးကောက်ပွဲတွင် ပါဝင်မဲပေးရန် မဲဆန္ဒရှင်များ၏ အရည်အချင်းပြည့်မီမှု လိုအပ်ချက်များနှင့် ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအတွက် အရည်အချင်းများ
    • လူထုဆန္ဒခံယူပွဲများ၊ မဲဆန္ဒပြုမှုများ သို့မဟုတ် သန်းခေါင်စာရင်းများကဲ့သို့သော ရွေးကောက်ပွဲများနှင့် အခြားနိုင်ငံသားဆိုင်ရာ လုပ်ငန်းစဉ်များ စီစဉ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းအပေါ် လွှမ်းမိုးထိန်းချုပ်သည့် ဥပဒေများ၊ လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများ
    • ရွေးကောက်ပွဲ၏ နောက်ဆုံးရလဒ်များ သို့မဟုတ် ရလဒ်
  • မဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲဝန်ထမ်းများနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ခြိမ်းခြောက်ခြင်းအပါအဝင် တရားမဝင်ပါဝင်မှုနှင့် ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ခြင်းကို အားပေးခြင်း သို့မဟုတ် ညွှန်ကြားချက်ပေးခြင်း
  • အာဏာသိမ်းမှုကဲ့သို့သော တရားဥပဒေစနစ်နှင့်မညီညွတ်သည့် နည်းလမ်းအသုံးပြု၍ ရွေးကောက်ပွဲတစ်ခု၏ တရားဝင်ရလဒ်ကို နှောင့်ယှက်ရန် နှိုးဆော်ခြင်း

FYF အတွက် သတ်မှတ်ချက်မပြည့်မီခြင်း

  • မဲအားလုံးကို ရေတွက်ပြီးကြောင်း သို့မဟုတ် တာလီမှတ်ပြီးကြောင်း အချိန်မတန်သေးဘဲ ပြောဆိုချက်များကဲ့သို့ ရွေးကောက်ပွဲတစ်ခုနှင့်ပတ်သက်၍ မှန်ကန်ကြောင်း မစစ်ဆေးရသေးသော ပြောဆိုချက်များ
  • ပြည်သူလူထုနှင့်သက်ဆိုင်သည့် ခိုင်လုံသောအချက်အလက်များကို သိသိသာသာ လုပ်ကြံလွဲမှားစွာတင်ပြထားသည့် ဖော်ပြချက်များ။ ဥပမာ- ပါလီမန်ဥပဒေမူကြမ်းပါ စာသားနှင့်ပတ်သက်ပြီး မှားယွင်းသော ပြောဆိုဖော်ပြချက်

တည်းဖြတ်ထားသော မီဒီယာနှင့် AI ဖြင့် ဖန်တီးထားသော အကြောင်းအရာ (AIGC)

ဉာဏ်ရည်တု (AI) နှင့် အခြားသော ဒစ်ဂျစ်တယ်နည်းပညာအသစ်များက လမ်းဖွင့်ပေးနိုင်သည့် တီထွင်ဖန်တီးမှုကို ကျွန်ုပ်တို့ကြိုဆိုပါသည်။သို့ရာတွင် AI နှင့် အခြားဒစ်ဂျစ်တယ် တည်းဖြတ်ခြင်း နည်းပညာများသည် အဖြစ်မှန်နှင့် စိတ်ကူးယဉ်အကြား ကွာခြားချက်ကို သိရန် ခက်ခဲစေနိုင်သဖြင့် လူများကို အထင်မှားစေနိုင်သည် သို့မဟုတ် လူ့အဖွဲ့အစည်းကို ထိခိုက်စေနိုင်သည်။ တကယ့်အစစ်နှင့်တူလွန်းသည့် မြင်ကွင်းများ သို့မဟုတ် လူများကို ပြသသည့် AIGC သို့မဟုတ် တည်းဖြတ်ထားသော မီဒီယာကို အညွှန်းတပ်ရန် သင့်အား ကျွန်ုပ်တို့ တောင်းဆိုသည်။ AIGC အညွှန်းကို အသုံးပြုခြင်းဖြင့် သို့မဟုတ် ရှင်းလင်းသော စာတန်း၊ ရေစာ သို့မဟုတ် သင့်ကိုယ်ပိုင် စတစ်ကာကို ထည့်ခြင်းဖြင့် ထိုသို့လုပ်နိုင်သည်။

သင့်လျော်စွာ အညွှန်းတပ်ထားသည့်တိုင် AIGC သို့မဟုတ် တည်းဖြတ်ထားသော မီဒီယာသည် အန္တရာယ်ရှိနိုင်သေးသည်။အစစ်အမှန်မဟုတ်သည့် ခိုင်လုံသော အရင်းအမြစ်များ သို့မဟုတ် အရေးအခင်းဖြစ်ရပ်များကို မျှဝေ သို့မဟုတ် ပြသသည့် သို့မဟုတ် အချို့သောဆက်စပ်အကြောင်းအရာများတွင် အထင်ကရပုဂ္ဂိုလ်များကို မှားယွင်းစွာ ပြသသည့် အကြောင်းအရာများကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ ၎င်းတွင် အနိုင်ကျင့်ခံရခြင်း၊ ထောက်ခံချက်ပေးခြင်း သို့မဟုတ် ထောက်ခံချက်ပေးခံရခြင်း ပါဝင်သည်။

လူများ၏ ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ရန် ကျွန်ုပ်တို့ ကတိပြုထားသည်။အသက်ငယ်သူများ၏ ပုံတူ သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ အသုံးပြုထားသော အရွယ်ရောက်ပြီးသော သာမန်ပုဂ္ဂိုလ်များ၏ ပုံတူ ပါဝင်သည့် အကြောင်းအရာကို ကျွန်ုပ်တို့ ခွင့်မပြုပါ။

နောက်ထပ် အချက်အလက်များ

AI ဖြင့် ဖန်တီးထားသော အကြောင်းအရာ (AIGC) ဆိုသည်မှာ ဉာဏ်ရည်တု (AI) နည်းပညာ သို့မဟုတ် ကွန်ပျူတာစနစ်ကို လေ့ကျင့်သင်ကြားပေးမှု လုပ်ငန်းစဉ်များဖြင့် ဖန်တီး သို့မဟုတ် မွမ်းမံပြင်ဆင်ထားသည့် ရုပ်ပုံများ၊ ဗီဒီယို သို့မဟုတ် အော်ဒီယိုများ ပါဝင်သည့် အကြောင်းအရာများဖြစ်သည်။ဤအကြောင်းအရာတွင် လူအစစ်များ၏ ပုံများ ပါဝင်နိုင်ပြီး အလွန်လက်တွေ့ဆန်သော မြင်ကွင်းများကို ပြနိုင်သည် သို့မဟုတ် ပန်းချီ၊ ကာတွန်းများ သို့မဟုတ် ဂျပန်ကာတွန်းကဲ့သို့သော သီးခြားအနုပညာပုံစံတစ်ခုကို အသုံးပြုနိုင်သည်။

သိသိသာသာ တည်းဖြတ်ထားသော အကြောင်းအရာဆိုသည်မှာ လူများက သူတို့မလုပ်ခဲ့သည့်အရာကို လုပ်နေခြင်း၊ သူတို့ မပြောခဲ့သည့်အရာကို ပြောနေခြင်း သို့မဟုတ် သူတို့ကို မှတ်မိရန် သို့မဟုတ် ခွဲခြားဖော်ထုတ်ရန် ခက်ခဲစေသည့်ပုံစံဖြင့် ၎င်းတို့၏ အသွင်အပြင်ကို ပြောင်းလဲခြင်းကို ပြသသည့် အကြောင်းအရာဖြစ်သည်။၎င်းတွင် အချို့သော မျက်နှာစစ်ထုတ်ချက်များ အသုံးပြုထားခြင်း သို့မဟုတ် တစ်စုံတစ်ဦး၏ အန်နီမေးရှင်းပုံတို့ ပါဝင်သည်။

အထင်မြင်မှားစေသော AIGC သို့မဟုတ် တည်းဖြတ်ထားသော မီဒီယာသည် အကြောင်းအရာ၏ ဆိုလိုရင်းကို ပြောင်းလဲပြင်ဆင်ပြီး လက်တွေ့ကမ္ဘာဖြစ်ရပ်များ၏ အဖြစ်မှန်နှင့်ပတ်သက်၍ ကြည့်ရှုသူများအား အထင်မြင်မှားစေနိုင်သည့် နည်းလမ်းဖြင့် ဖွဲ့စည်းမှု၊ အစီအစဉ် သို့မဟုတ် အချိန်ကို ပြောင်းလဲရန် မတူညီသော ဗီဒီယိုအပိုင်းတိုများကို အတူတကွပေါင်းစပ်ခြင်းအပါအဝင် တည်းဖြတ်ထားသည့် အော်ဒီယို သို့မဟုတ် ရုပ်ပုံ အကြောင်းအရာဖြစ်သည်။

လက်တွေ့ဆန်သော မြင်ကွင်းများ သို့မဟုတ် လူများသည် ဓာတ်ပုံ သို့မဟုတ် ဗီဒီယို၏ ပုံစံ သို့မဟုတ် အရည်အသွေးအတိုင်း ပြထားသည့်မြင်ကွင်းကဲ့သို့ ပြထားသောပုဂ္ဂိုလ်သည် အစစ်ဖြစ်ကြောင်း သို့မဟုတ် ဖြစ်ရပ်သည် လက်တွေ့ကမ္ဘာတွင် ဖြစ်ပွားခဲ့ကြောင်း တစ်စုံတစ်ယောက်အား ယုံကြည်စေသည့် ရုပ်ပုံ၊ ဗီဒီယို သို့မဟုတ် အော်ဒီယိုကို အသုံးပြုသော အကြောင်းအရာဖြစ်သည်။

ပုံတူသည် လူပုဂ္ဂိုလ်တစ်ဦးအား ရှင်းလင်းစွာ ကိုယ်စားပြုဖော်ပြမှုဖြစ်သည်။၎င်းတွင် အော်ဒီယိုနှင့် ရုပ်ပုံဖြင့် ကိုယ်စားပြုဖော်ပြမှု ပါဝင်ပြီး ၎င်းတို့၏ မျက်နှာ၊ ခန္ဓာကိုယ် သို့မဟုတ် ၎င်းတို့၏ ထူးခြားသော ပုံပန်း၊ လက်ဟန်ခြေဟန် သို့မဟုတ် အမူအရာများကို ပြသနိုင်သည်။

အထင်ကရပုဂ္ဂိုလ်များ ဆိုသည်မှာ (18 နှစ်နှင့်အထက်) အရွယ်ရောက်ပြီးသည့် အစိုးရအရာရှိ၊ နိုင်ငံရေးသမား၊ စီးပွားရေးခေါင်းဆောင် သို့မဟုတ် ကျော်ကြားသူများကဲ့သို့ အများပြည်သူများအကြား အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သူဖြစ်သည်။ကျွန်ုပ်တို့သည် အသက် 18 နှစ်အောက်များကို အထင်ကရပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ပါ။

သာမန်ပုဂ္ဂိုလ်များသည် အထင်ကရပုဂ္ဂိုလ်များမဟုတ်သည့် အသက် 18 နှစ်အောက်ရှိသူနှင့် အရွယ်ရောက်ပြီးသူ (အသက် 18 နှစ်နှင့်အထက်) အားလုံး ဖြစ်သည်။

ထုတ်ဖော်ချက် လိုအပ်သည် (AIGC အညွှန်း သို့မဟုတ် ရှင်းလင်းသော စာတန်း၊ ရေစာ သို့မဟုတ် စတစ်ကာတစ်ခု အသုံးပြု၍)

  • AI ဖြင့် လုံးလုံးဖန်တီးထားပြီး သို့မဟုတ် သိသိသာသာ တည်းဖြတ်ထားပြီး တကယ့်အစစ်နှင့်တူသည့် မြင်ကွင်းများ သို့မဟုတ် လူများပါဝင်သည့် အကြောင်းအရာ
  • အသေးစား မွမ်းမံခြင်း၊ နောက်ခံအရာဝတ္ထုများကို ပြောင်းခြင်း သို့မဟုတ် TikTok ပြုလုပ်ချက်များ သို့မဟုတ် စစ်ထုတ်ချက်များကို အသုံးပြုခြင်းကဲ့သို့ အကြောင်းအရာ၏ အဓိကဆိုလိုရင်းကို မပြောင်းလဲသည့် တည်းဖြတ်မှုများ ပါဝင်လျှင် ထုတ်ဖော်ချက်ကို လိုအပ်ပါ

ခွင့်မပြုထားပါ

  • တကယ့်အစစ်နှင့်တူသော အသက် 18 နှစ်အောက် လူပုဂ္ဂိုလ်များ
  • ခွင့်ပြုချက်မရှိဘဲ အသုံးပြုထားသည်ဟု ကျွန်ုပ်တို့ သတိပြုမိလျှင် အရွယ်ရောက်ပြီးသော သာမန်လူပုဂ္ဂိုလ်များ၏ ပုံတူ
  • အောက်ပါတို့ကို မှားယွင်းစွာ ပြသသည့် အထင်မြင်မှားစေသော AIGC သို့မဟုတ် တည်းဖြတ်ထားသော မီဒီယာ-
    • ဂုဏ်သတင်းရှိသော သတင်းအဖွဲ့အစည်းတစ်ခုကဲ့သို့ ခိုင်လုံသော အရင်းအမြစ်တစ်ခုမှဖြစ်သကဲ့သို့ ထင်ရအောင်လုပ်ထားသော အကြောင်းအရာ
    • ပဋိပက္ခ သို့မဟုတ် သဘာဝဘေးအန္တရာယ်ကဲ့သို့ အကျပ်အတည်းဖြစ်ရပ်တစ်ခု
    • အထင်ကရပုဂ္ဂိုလ်တစ်ဦးကို အောက်ပါအခြေအနေများဖြင့် ဖော်ပြထားခြင်း-
      • ဂုဏ်သိက္ခာချခံရသော သို့မဟုတ် နှောင့်ယှက်ခံရသော သို့မဟုတ် ရာဇဝတ်မှု သို့မဟုတ် လူမှုဆန့်ကျင်ရေး အပြုအမူတွင် ပါဝင်ဆောင်ရွက်သော
      • နိုင်ငံရေး ကိစ္စရပ်၊ ကြော်ငြာ ကုန်ပစ္စည်း သို့မဟုတ် လူထုအရေးကိစ္စရပ် (ရွေးကောက်ပွဲကဲ့သို့) တွင် နေရာတစ်ခုယူထားသော
      • လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့တစ်ဖွဲ့၏ နိုင်ငံရေးအရ ထောက်ခံချက်ရရှိထားသော သို့မဟုတ် ဝေဖန်ရှုတ်ချခံထား‌ရသော

ခွင့်ပြုထားသည်

  • ပြတိုက်တွင် ခင်းကျင်းပြသထားသည့် ပထမကမ္ဘာစစ် စစ်မှုထမ်းဟောင်းကဲ့သို့ အချို့သော ပညာပေးနောက်ခံဝန်းကျင်များရှိ သေဆုံးသွားသော လူပုဂ္ဂိုလ်တစ်ဦး၏ ပုံတူ
  • ကျော်ကြားသူတစ်ဦးက လူကြိုက်များသော TikTok အကတစ်ခုကို လုပ်နေခြင်း သို့မဟုတ် နိုင်ငံရေးသမားတစ်ဦးကို ဟာသလုပ်ခြင်းကဲ့သို့ အချို့သော အနုပညာဆန်သည့် သို့မဟုတ် ဟာသဆန်သည့် နောက်ခံဝန်းကျင်များရှိ အထင်ကရပုဂ္ဂိုလ်တစ်ဦး၏ ပုံတူ

အတုအယောင် တုံ့ပြန်ဆောင်ရွက်မှု

စစ်မှန်သော တုံ့ပြန်ဆောင်ရွက်မှုသည် ကျွန်ုပ်တို့ပလက်ဖောင်း၏ ဖြောင့်မတ်မှန်ကန်မှုတွင် အဓိကအချက်ဖြစ်ပြီး သင် စိတ်ဝင်စားနိုင်သည့်အကြောင်းအရာကို ကျွန်ုပ်တို့ မည်သို့အကြံပြုရမည်အား သိရှိစေပါသည်။တုံ့ပြန်ဆောင်ရွက်မှုကို အတုအယောင် တိုးမြှင့်ရန် သို့မဟုတ် TikTok ၏ အကြံပြုချက်စနစ်ကို လှည့်ဖြားရန် ကြိုးပမ်းသည့် ဝန်ဆောင်မှုများကို ရောင်းဝယ်ခြင်း သို့မဟုတ် ဈေးကွက်ရှာဖွေခြင်းအား ကျွန်ုပ်တို့ ခွင့်မပြုပါ။မမှန်မကန် ဖောင်းပွနေသော မက်ထရစ်များပါရှိသော အကောင့်များ သို့မဟုတ် အကြောင်းအရာများကို ကျွန်ုပ်တို့ သတိပြုမိပါက ဆက်စပ်နေသော အတုအယောင် ဖော်လိုလုပ်သူများ သို့မဟုတ် နှစ်သက်မှုများကို ဖယ်ရှားပါမည်။

လက်ဆောင်များ၊ ဖော်လိုလုပ်သူများ၊ နှစ်သက်မှုများ၊ ကြည့်ရှုမှုများ သို့မဟုတ် အခြားတုံ့ပြန်ဆောင်ရွက်မှု မက်ထရစ်များ တိုးလာစေရန်အတွက် အခြားသူများအား လှည့်စားရန် သို့မဟုတ် ကြိုးကိုင်ခြယ်လှယ်ရန် ကြိုးပမ်းပါက အကြောင်းအရာသည် FYF အတွက် သတ်မှတ်ချက်မပြည့်မီပါ။

နောက်ထပ် အချက်အလက်များ

ခွင့်မပြုထားပါ

  • ဖော်လိုလုပ်သူများ သို့မဟုတ် နှစ်သက်မှုများ ရောင်းချခြင်းကဲ့သို့သော တုံ့ပြန်ဆောင်ရွက်မှုကို အတုအယောင် တိုးပွားစေသည့် ဝန်ဆောင်မှုများအတွက် အရောင်းအဝယ်ဖြစ်မြောက်စေရန် ဈေးကွက်ရှာဖွေရန် ကူညီပေးခြင်း
  • TikTok တွင် တုံ့ပြန်ဆောင်ရွက်မှုကို အတုအယောင် တိုးမြှင့်နည်းဆိုင်ရာ ညွှန်ကြားချက်များပေးခြင်း

FYF အတွက် သတ်မှတ်ချက်မပြည့်မီခြင်း

  • “နှစ်သက်မှုအတွက် နှစ်သက်မှုပြန်ပေးရန်” ကတိပေးခြင်းများ သို့မဟုတ် အကြောင်းအရာနှင့် ထိတွေ့တုံ့ပြန်ရန် အခြားမက်လုံးအမှားများပေးခြင်း ကဲ့သို့သော လက်ဆောင်များ သို့မဟုတ် တုံ့ပြန်ဆောင်ရွက်မှု မက်ထရစ်များကို တိုးစေရန် နည်းလမ်းတစ်ခုအဖြစ် အခြားသူများကို လှည့်စားသည့် သို့မဟုတ် ကြိုးကိုင်ခြယ်လှယ်သည့် အကြောင်းအရာများ

မူရင်းမဟုတ်သော အကြောင်းအရာ

TikTok ပေါ်ရှိ တီထွင်ဖန်တီးမှုသည် ထူးကဲသောအရာဖြစ်သောကြောင့် သင့်ကိုယ်ပိုင်လက်ရာကိုသာ တင်သင့်ပါသည်။တစ်စုံတစ်ယောက်၏ ဉာဏမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်သည့် အကြောင်းအရာများကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ချိုးဖောက်သည့် အကြောင်းအရာကို ကျွန်ုပ်တို့ သတိပြုမိပါက ၎င်းကို ဖယ်ရှားပါမည်။ကျွန်ုပ်တို့၏ ဉာဏပစ္စည်းမူပိုင်ခွင့် (IP) မူဝါဒများအကြောင်း ပိုမိုလေ့လာပါ။

အကြောင်းအရာတွင် အသစ်ပြုလုပ်ထားသော သို့မဟုတ် ဖန်တီးမှုရှိသော အပြောင်းအလဲများ မပါဘဲ မူရင်းမဟုတ်သည့် သို့မဟုတ် ပြန်လည်ထုတ်လုပ်ထားသော အကြောင်းအရာပါဝင်ပါက ၎င်းသည် FYF အတွက် သတ်မှတ်ချက်မပြည့်မီပါ။

သင်သည် IP ချိုးဖောက်မှုတစ်ခု ကြုံခဲ့သည်ဟု ယုံကြည်ပါက မူပိုင်ခွင့်ဆိုင်ရာ တိုင်ကြားချက် သို့မဟုတ် ကုန်အမှတ်တံဆိပ်ဆိုင်ရာ တိုင်ကြားချက်တစ်စောင် တင်သွင်းနိုင်သည်။

နောက်ထပ် အချက်အလက်များ

ဉာဏပစ္စည်းမူပိုင်ခွင့်သည် မူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်များ အပါအဝင် သင်ဖန်တီးထားသည့် အရာတစ်ခု၏ ပိုင်ဆိုင်မှုကို ရည်ညွှန်းသည်။

မူပိုင်ခွင့်များသည် တေးဂီတနှင့် ဗီဒီယိုများအပါအဝင် မူရင်းဖန်တီးသူ၏လက်ရာများနှင့် သက်ဆိုင်သည့် တရားဝင်အခွင့်အရေးများဖြစ်သည်။မူပိုင်ခွင့်များသည် စိတ်ကူး အတွေးအခေါ်တစ်ခု၏ မူရင်းဖော်ပြချက် (ဗီဒီယို သို့မဟုတ် တေးဂီတကို ဖော်ပြထားသည့် သို့မဟုတ် ဖန်တီးထားသည့် တိကျသောနည်းလမ်းတစ်ခုကဲ့သို့) ကို ကာကွယ်ပေးသော်လည်း အခြေခံ စိတ်ကူး အတွေးအခေါ်နှင့် အချက်အလက်များကို မကာကွယ်ပေးပါ။

ကုန်အမှတ်တံဆိပ်များသည် ထုတ်ကုန်တစ်ခု သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို အခြား ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့် ကွဲပြားခြားနားစေပြီး အဆိုပါ ထုတ်ကုန်၏ ရင်းမြစ်ကို ခွဲခြားသိရှိစေသည့် စကားလုံးများ၊ သင်္ကေတများ၊ ဆောင်ပုဒ်များ၊ ဒီဇိုင်းများ သို့မဟုတ် ၎င်းအချက်များကို ပေါင်းစပ်ထားသည့်အရာ ဖြစ်သည်။

ခွင့်မပြုထားပါ

  • တစ်စုံတစ်ယောက်၏ မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်များ သို့မဟုတ် အခြားဉာဏပစ္စည်းမူပိုင်ခွင့်များကို ချိုးဖောက်သည့် အကြောင်းအရာ

FYF အတွက် သတ်မှတ်ချက်မပြည့်မီခြင်း

  • အခြားသူတစ်ဦး၏ မြင်သာသည့်ရေစာ အမှတ်အသား သို့မဟုတ် ထပ်ဆင့်ထားသည့် တံဆိပ်ပါသည့် အကြောင်းအရာကဲ့သို့သော အသစ်ပြုလုပ်ထားသော သို့မဟုတ် ဖန်တီးထားသော တည်းဖြတ်မှု မပါဘဲ ထည့်သွင်းထားသည့် သို့မဟုတ် အပ်လုဒ်လုပ်ထားသည့် ပြန်လည်ထုတ်လုပ်ထားသော သို့မဟုတ် မူရင်းမဟုတ်သော အကြောင်းအရာ
  • အလွန်တိုသော ဗီဒီယိုအပိုင်းတိုများ သို့မဟုတ် GIF သီးသန့်အခြေခံထားသည့် ဗီဒီယိုများ ကဲ့သို့သော အရည်အသွေးနိမ့်အကြောင်းအရာများ

မလိုချင်သော ဆက်သွယ်မှုများနှင့် လိမ်လည်လှည့်ဖြားသော အပြုအမူများ

ယုံကြည်ရသည့် အွန်လိုင်း အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရန်အတွက် သင့်အကောင့်များ၏ အပြုအမူများနှင့် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားများ စစ်မှန်မှုရှိ၍ ယုံကြည်ရရန် အရေးကြီးပါသည်။ကျွန်ုပ်တို့၏အသိုင်းအဝိုင်းကို မလိုချင်သော ဆက်သွယ်မှုများ ပို့နိုင်သည့် သို့မဟုတ် အထင်မှားစေနိုင်သည့် အကောင့်အပြုအမူများကို ခွင့်မပြုပါ။ ၎င်းတွင် လျှို့ဝှက်ဩဇာလွှမ်းမိုးမှုဆိုင်ရာ လုပ်ဆောင်မှုများ ပြုလုပ်ခြင်း၊ အချို့သော အကြောင်းအရာများ၏ မှုကို မြှင့်တင်ရန် တုံ့ပြန်ဆောင်ရွက်မှု အချက်ပြများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် မလိုချင်သောဆက်သွယ်မှု သို့မဟုတ် အယောင်ဆောင် အကောင့်များကို လုပ်ဆောင်ခြင်း ပါဝင်သည်။အကောင့်အမည် (၎င်းသည် @username နှင့်မတူကြောင်း သတိပြုပါ) တွင် ပြက်လုံးထုတ်သည့် သို့မဟုတ် ပရိသတ်အခြေပြု အကောင့်များဖြစ်ကြောင်း ရှင်းလင်းစွာ ထုတ်ဖော်ထားသရွေ့ ၎င်းတို့ကို ခွင့်ပြုသည်။

လှည့်စားရန် ရည်ရွယ်ချက်များဖြင့် မဟုတ်ဘဲ စစ်မှန်သော ဖန်တီးဖော်ပြမှုအတွက်သာ မတူညီသော ချန်နယ်များကို ဖန်တီးရန် အကောင့်များစွာကို ဖွင့်နိုင်သည်။ပလက်ဖောင်းကို ကြိုးကိုင်ခြယ်လှယ်မှုတွင် ပါဝင်ဆောင်ရွက်ရန် အကောင့်များအသုံးပြုမှုကို ခွင့်မပြုပါ။ ၎င်းတွင် အကောင့်အများအပြားကို စာရင်းသွင်းရန် သို့မဟုတ် လည်ပတ်လုပ်ဆောင်ရန်၊ ကြော်ငြာအကြောင်းအရာ အများအပြားကို ဖြန့်ရန်၊ တုံ့ပြန်ဆောင်ရွက်မှု အချက်ပြများကို အတုအယောင် မြှင့်တင်ရန်နှင့် ကျွန်ုပ်တို့၏ လမ်းညွှန်ချက်များကို လိုက်နာရန် စည်းကမ်းထိန်းသိမ်းမှုကို ရှောင်လွှဲရန် အလိုအလျောက်စနစ်ကို အသုံးပြုခြင်း ပါဝင်ပါသည်။

သင့်အကောင့်များထဲမှ တစ်ခုခု ပိတ်ပင်ခံရလျှင် သို့မဟုတ် လုပ်ဆောင်ချက်တစ်ခု အသုံးပြုခွင့်ကို ကန့်သတ်ခံထားရလျှင် သင်သည် ပိတ်ပင်မှု သို့မဟုတ် ကန့်သတ်မှုကို ရှောင်လွှဲရန် အကောင့်အသစ်တစ်ခုဖွင့်ခြင်း သို့မဟုတ် အခြားရှိပြီးသားအကောင့် အသုံးပြုခြင်း မပြုလုပ်ရပါ။

သင်သည် ဤလှည့်ဖြားသည့် အကောင့်အပြုအမူများမှ မည်သည့်အရာကိုမဆို လုပ်ဆောင်ခဲ့သည်ဟု ကျွန်ုပ်တို့ ဆုံးဖြတ်လျှင် အကောင့်ကို ပိတ်ပင်ပြီး အသုံးပြုနေသည့် အခြားအကောင့်မှန်သမျှ သို့မဟုတ် အသစ်ပြုလုပ်လိုက်သည့် အကောင့်အသစ်များကို ပိတ်ပင်နိုင်သည်။

နောက်ထပ် အချက်အလက်များ

လျှို့ဝှက်ဩဇာလွှမ်းမိုးမှုဆိုင်ရာ လုပ်ဆောင်မှုများ (CIO) သည် လူများ သို့မဟုတ် ကျွန်ုပ်တို့၏စနစ်များကို အထင်မြင်မှားစေရန်နှင့် အများပြည်သူ ဆွေးနွေးမှုကို ဗျူဟာကျကျ ဩဇာလွှမ်းမိုးရန်အတွက် ကြိုးစားရန် အကောင့်အစုအဝေးကွန်ရက်များက အတူတကွလုပ်ဆောင်သည့် ပူးပေါင်းဆောင်ရွက်သော မစစ်မှန်သည့် အပြုအမူများ ဖြစ်သည်။၎င်းတွင် ရွေးကောက်ပွဲတစ်ခု၏ ရလဒ်များကို ထိခိုက်စေရန် ကြိုးပမ်းခြင်း၊ လက်နက်ကိုင်ပဋိပက္ခတစ်ခု၏ တစ်စိတ်တစ်ပိုင်းကို ဩဇာလွှမ်းမိုးခြင်း သို့မဟုတ် လူမှုရေးကိစ္စများအကြောင်း အများပြည်သူ ဆွေးနွေးမှုကို ကိုယ်လိုချင်သည့်ပုံသွင်းခြင်းတို့ ပါဝင်နိုင်သည်။လျှို့ဝှက်ဩဇာလွှမ်းမိုးမှုဆိုင်ရာ လုပ်ဆောင်မှုများအကြောင်း ပိုမိုလေ့လာပါ။

ထုတ်ဖော်ချက် လိုအပ်သည် (အကောင့်အမည်တွင်)

  • ပြက်လုံးထုတ်သည့် သို့မဟုတ် ပရိသတ်အခြေပြု အကောင့်များကို အကောင့် အမည်တွင် ရှင်းလင်းစွာ ထုတ်ဖော်ပြောရမည် (၎င်းသည် @username နှင့် မတူကြောင်း သတိပြုပါ)

ခွင့်မပြုထားပါ

  • ိုချင်သော ဆက်သွယ်မှုများအောက်ပါတို့ ပါဝင်သည့် မလ
    • အဖွဲ့အစည်းတစ်ခုတည်းက သို့မဟုတ် အလိုအလျောက်စနစ်ဖြင့် ထိန်းချုပ်ထားသော အကောင့်အစုအဝေးကွန်ရက် အများအပြားကို လည်ပတ်လုပ်ဆောင်ခြင်း
    • မလိုချင်သော ဆက်သွယ်မှု အမြောက်အမြားကို အစုလိုက်ဖြန့်ချိခြင်း
    • အချို့သောအကြောင်းအရာများ၏ ပျံ့နှံ့ရောက်ရှိမှုကို မြှင့်တင်ရန် တုံ့ပြန်ဆောင်ရွက်မှု အချက်ပြများကို ကြိုးကိုင်ခြယ်လှယ်ခြင်း သို့မဟုတ် အထူးသဖြင့် ငွေကြေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဖော်လိုလုပ်သူများကို ရောင်းဝယ်ခြင်း
  • သူတစ်ပါး အယောင်ဆောင်ခြင်း၊ ယင်းတွင် ပါဝင်သည်များမှာ-
    • တစ်စုံတစ်ဦး၏ အမည်၊ အတ္ထုပ္ပတ္တိဆိုင်ရာ အသေးစိတ်၊ အကြောင်းအရာ သို့မဟုတ် ရုပ်ပုံကို ထုတ်ဖော်ပြောခြင်းမရှိဘဲ အသုံးပြုခြင်းကဲ့သို့ အကောင့်အမည်တွင် ပရိသတ် သို့မဟုတ် ပြက်လုံးထုတ်သည့် အကောင့်ဖြစ်ကြောင်း ထုတ်ဖော်ပြောခြင်းမရှိဘဲ အခြားလူ သို့မဟုတ် အဖွဲ့အစည်းအစစ်အဖြစ် ဟန်ဆောင်သည့် အကောင့်များ
    • ပလက်ဖောင်းပေါ်တွင် အခြားလူများကို လှည့်ဖြားရန် ရည်ရွယ်ကာ သရုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် အမှန်တကယ် မရှိသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း (အတုအယောင်သရုပ်ပုံစံ) အား တင်ပြခြင်း
  • လျှို့ဝှက်ဩဇာလွှမ်းမိုးမှုဆိုင်ရာ လုပ်ဆောင်မှုများ၊ ယင်းတွင် ပါဝင်သည်များမှာ-
    • အစစ်အမှန်မဟုတ်သော အကောင့်အစုအဝေးကွန်ရက်များကို စာရင်းသွင်းခြင်းနှင့် လည်ပတ်လုပ်ဆောင်ခြင်း
    • အချို့သောဇာတ်ကြောင်းများ သို့မဟုတ် ခေတ်စားနေသည်များကို အတုအယောင်နည်းလမ်းဖြင့် လူသိများအောင်မြှင့်တင်ရန် အကြောင်းအရာ သို့မဟုတ် တုံ့ပြန်ဆောင်ရွက်မှု လုပ်ဆောင်ချက်ကို ညှိနှိုင်းဆောင်ရွက်ခြင်း
    • အကောင့်များ၏ အမှန်တကယ်တည်နေရာကို ဆုံးဖြတ်ရန် ခက်ခဲစေသည့် နည်းလမ်းများကို အသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ အကြံပြုချက် စနစ်ကို ကြိုးကိုင်ခြယ်လှယ်ရန် ကြိုးပမ်းခြင်း
  • ရှောင်တိမ်းခြင်း၊ ယင်းတွင် ပါဝင်သည်များမှာ-
    • အကောင့်မျိုးစုံသုံး၍ အကြောင်းအရာချိုးဖောက်မှုများကို ဖြန့်ကြက်လုပ်ဆောင်ခြင်းကဲ့သို့ အကောင့်ပိတ်ပင်မှုကို ရှောင်ရှားရန် ကြိုးစားခြင်း
    • အောက်ပါတို့ကို ပြုလုပ်ရန် အခြားအကောင့် (အသစ်ဖြစ်စေ၊ ရှိပြီးသားဖြစ်စေ) ကို အသုံးပြုခြင်း-
      • အခြားအကောင့်တွင် ပိတ်ပင်မှု သို့မဟုတ် ကန့်သတ်မှုကို ယခင်က ဖြစ်ပေါ်စေခဲ့သည့် အပြုအမူကို ဆက်လုပ်ရန်
      • ပြင်းပြင်းထန်ထန် ချိုးဖောက်မှုတစ်ခုကြောင့် အကောင့်တစ်ခု ပိတ်ပင်ခံရပြီးနောက် TikTok ကို ဆက်လက်ဝင်သုံးနိုင်ရန်
      • ယာယီ LIVE လွှင့်ခွင့် ပိတ်ပင်ထားခြင်းကဲ့သို့ အခြားအကောင့်တွင် ကန့်သတ်ခံထားရသည့် လုပ်ဆောင်ချက်များကို ဝင်သုံးရန် နောက်အကောင့်တစ်ခုကို အသုံးပြုခြင်းအပါအဝင် အကောင့်တစ်ခုတွင် ချမှတ်ထားသည့် ကန့်သတ်ချက်များကို ရှောင်လွှဲရန်
  • အောက်ပါအခြေအနေများတွင် ဟက်ခ်ခံရသော အရာများကို ဖြန့်ဝေခြင်း-
    • သိသိသာသာ ထိခိုက်နစ်နာနိုင်ခြေ ရှိသည့်အခါ၊
    • အကြောင်းအရာများကို လျှို့ဝှက်ထားရန် ဆုံးဖြတ်ထားသည့်အခါနှင့်
    • အကြောင်းအရာများကို ရယူခြင်းအား ခွင့်မပြုထားသည့်အခါနှင့်
    • သင့်လျော်သော တရားဝင်ချန်နယ်များ သို့မဟုတ် တာဝန်ရှိသော သတင်းစာနယ်ဇင်းဆိုင်ရာ ကျင့်ထုံးများနှင့်အညီ ဖြန့်ဝေခြင်းကို မလုပ်ဆောင်ခဲ့သည့်အခါ