Company

Program

Terms & Policies

Š 2025 TikTok
Audio/video is not supported Please TryRefresh
Replay
00:00
Click and hold to drag

suara asli - Prettyluh😽

Ariati

217.8K videos

ယောက်ျားတိုင်း လိုလို ချင်ချင်နဲ့

မက်မောတဲ့ မိန်းမဆိုတာ

ယောက်ျားတွေလိုချင်တာ

ဒီလိုမိန်းမမျိုးပါ

ယောက်ျားတစ်ယောက်က ပြောတယ်

မိန်းကလေးတစ်ယောက်ဟာ

သိပ်ချောသိပ်လှစရာမလိုဘူး

လူကြားသူကြားထဲခေါ်ထွက်လို့ရပြီး

အိမ်အပြန်ခေါ်ပြန်လာလို့ရရင် ရပြီ

ဖြစ်ခဲ့ဖူးတဲ့အတိတ်ကို ငါလိုက်မမေးဘူး

ဒါပေမယ့် ငါနဲ့တွေ့ပြီးတဲ့နောက်

ငါ့တစ်ယောက်တည်းကိုပဲ

ကောင်းကောင်းချစ်ရင် ရပြီ

အလုပ်လုပ်ချင်ရင်

အလုပ်တစ်ခုရှာလုပ်နိုင်တယ်

မလုပ်ချင်ရင် အိမ်မှာပဲ

အိမ်ရှင်မအဖြစ် ပီပီသသနေ

နင့်ကို ငါယူရဲရင်

နင့်ကိုကျွေးနိုင်တဲ့အား ငါ့မှာရှိတယ်

တစ်ခြားလူလောက် ငါချမ်းသာချင်မှ

ချမ်းသာမယ်

ဒါပေမယ့် တခြားလူ

နင့်ကိုပေးနိုင်တဲ့အရာ ငါလည်းပေးနိုင်တယ်

နင့်အနားမှာ

ငါနေ့တိုင်းအဖော်ပြုနိုင်ချင်မှ ပြုနိုင်မယ်

ဒီအိမ်အတွက်

ငါအပြင်ထွက် ရုန်းကန်ရမယ်

ဒါပေမယ့် ငါ့ဖုန်းဘယ်တော့မှ ပိတ်မထားဘူး

ဘယ်အချိန်ဖြစ်ဖြစ် ငါ့ကို နင်ရှာတွေ့နိုင်စေရမယ်

သူငယ်ချင်းတစ်သိုက်နဲ့

ငါ ထွက်သောက်ဖြစ်တဲ့အခါတိုင်း

နင့်ကိုငါခေါ်သွားမှာမဟုတ်ဘူး

ဒါပေမယ့် ခမ်းခမ်းနားနားကျင်းပတဲ့

ပွဲမှန်သမျှ နင့်ကို ငါဂုဏ်ရှိရှိတွဲခေါ်ပြီး

လူတွေနဲ့မိတ်ဆက်ပေးလို့ရတယ်

တချို့ကပြောတယ်

မိန်းမယူတာ ထမင်းချက်

အဝတ်လျှော် ကလေးထိန်းဖို့တဲ့

ငါတော့ ဒီလိုမထင်ဘူး

အိမ်မှုကိစ္စတွေကို

ငါခွဲဝေကူလုပ်ပေးနိုင်တယ်

ဒါပေမယ့် ငါလုပ်တယ်ဆိုပြီး

နင်မလုပ်တော့တာ မဖြစ်ပါစေနဲ့

ဝမ်းနည်းတဲ့ဘယ်လိုကိစ္စမျိုးမဆို

ငါ့ကို နင်ပြောပါ

ငါရဲ့ခိုင်ခံ့တဲ့ပခုံးနဲ့

နင့်ကိုငါအမှီပေးမယ်

ငါ့မှာ ယောက်ျားမာန်ဆိုတာရှိတတ်တယ်

အပြင်မှာ ငါ့မိတ်ဆွေသူငယ်ချင်းရှေ့မှာ

ငါ့ကိုမျက်နှာသာပေးဖို့ မမေ့ပါနဲ့

အိမ်မှာ နင့်ကို ငါမျက်နှာသာပေးထားတယ်

နင်အရမ်းရင့်ကျက်ဖို့ ငါမလိုဘူး

ရင့်ကျက်တဲ့မိန်းမတစ်ယောက်ဟာ

အရမ်းမောရတတ်တယ်

ငါ့ကို နင်ချွဲနွဲ့လို့ရတယ်

နင့်ကို ဂရုစိုက်ကာကွယ်တာဟာ

ငါရဲ့တစ်သက်တာ တာဝန်ပါ

တစ်ချိန်ချိန်မှာ

ငါပိုက်ဆံမရှိတော့သွားတဲ့အခါ

ငါ့ရဲ့အရည်အချင်းကို နင်အကဲမဖြတ်ပါနဲ့

ဘဝဆိုတာ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ပါပဲ

ငါတို့ဖြတ်သန်းနေတာက နေ့ရက်တွေကိုပါ

ငွေကြေးကိုဖြတ်သန်းနေတာ မဟုတ်ပါဘူး

မိန်းကလေးတွေ လိုချင်တာ သိပ်မများဘူး

ယောက်ျားလေး လိုချင်တာလည်း သိပ်မများဘူး

လိုချင်တာချင်း

တူချင်မှတူလိမ့်မယ်ဆိုပေမယ့်

ချစ်ခြင်းမေတ္တာအဓွန့်ရှည်ဖို့

တည်တံ့ခိုင်မြဲဖို့ သာယာချမ်းမြေ့ဖို့

အချင်းချင်း နားလည်မှု ရယူနိုင်ဖို့ကတော့

တူကြပါလိမ့်မယ်

တချို့ကပြောတယ်

မိန်းမက ရေ ယောက်ျားက ရွှံ့ပါတဲ့

အိမ်ထောင်တစ်ခု မိသားစုတစ်စုရဲ့

လှပပြီးပြည့်စုံပုံသဏ္ဍာန်ကို ဖော်နိုင်ဖို့

ရွံ့နဲ့ရေရဲ့ပေါင်းစပ်မှုပေါ်မှာ မူတည်သတဲ့

ရွံ့များရင် လိုချင်တဲ့ပုံသဏ္ဍာန်ကို လုပ်လို့မရနိုင်ဘူး

ရေများရင် ရွံ့ပျော့ကုန်တယ်

ရွံ့နဲ့ရေကို အချိုးကျပေါင်းစပ်မှ

လှပတဲ့ပုံသဏ္ဍာန်တစ်ခုကို

ထုဆစ်နိုင်မှာဖြစ်ပါတယ်

#WYK #လူငယ်များဆီသို့ #fyp #ခွန်အားရှိသောစာပေများ💙 #foryou #tiktokmyanmar #thankb4youd #ယောက်ကျားတိုင်းလိုလိုချင်ချင်မက်မောတဲ့မိန်းကလေးမျိုးဆိုတာ☝️😎